မလေးရှားနိုင်ငံရဲ့ ၁၆ ယောက်မြောက် ဘုရင် ဆူလ်တန် အဗ္ဗဒူလာရဲ့ နန်းတက်ပွဲ အခမ်းအနားကို ဇူလိုင် ၃၀ ရက်က ကွာလာလမ်ပူမြို့မှာ ကျင်းပပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီလက ဘုရင် ဆူလ်တန် မိုဟာမက် ရုတ်တရက် နန်းစွန့်သွားပြီး နောက်မှာ ဆူလ်တန် အဗ္ဗဒူလာက အရိုက်အရာ ဆက်ခံခဲ့တာပါ။
ဒါဟာ မလေးရှားသမိုင်းမှာ ဘုရင်သက်တမ်း ၅- နှစ်မပြည့်ခင် ပထမဆုံးအကြိမ် ထီးနန်းစွန့်တာဖြစ်ပါတယ်။
ဆူလ်တန် အဗ္ဗဒူလာဟာ ဘောလုံးဝါသနာရှင် တစ်ဦး ဖြစ်ပြီး သူဟာ အရင်က အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းခဲ့ဖူးပါတယ်။
မလေးရှားရဲ့တော်ဝင် မင်းဆွေမင်းမျိုး ၉ ယောက်ဟာ ဘုရင်အဖြစ် အလှည့်ကျ တာဝန်ယူရပါတယ်။ သူတို့ကို အုပ်ချုပ်သူများကောင်စီကနေ မဲပေးရွေးချယ်ကြတာပါ။
မလေးရှားနိုင်ငံဟာ စည်းမျဉ်းခံဘုရင်စနစ်ကို ကျင့်သုံးပြီး ဘုရင်ဟာ မွတ်စလင် အများစု နိုင်ငံမှာ အစ္စလာမ်ဘာသာအား ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် အပါအ၀င် ပွဲတက် အခမ်းအနားတွေမှာ အထင်ကရနေရာက ပါဝင်ပါတယ်။
ဓာတ်ပုံ- AFP
DVB
0 comments:
Post a Comment