Wednesday, July 31, 2019

အိုင်အင်န်အက်စ်ဆင်ဒူဝီရအမည်ရှိ ရေငုပ်သင်္ဘောကို တပ်မတော်(ရေ)သို့ အိန္ဒိယနိုင်ငံ လွှဲပြောင်းပေးမည်

Image may contain: ocean, sky, water, outdoor and nature
ရုရှားနိုင်ငံလုပ် ကီလိုအတန်း အစား (Kilo Class) ရေငုပ်သင်္ဘော တစ်စင်းကို ယခုလကုန်ပိုင်းတွင် မြန်မာ့ တပ်မတော် (ရေ)သို့ အိန္ဒိယနိုင်ငံက လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း သည် အီကော်နောမစ်တိုင်းမ် သတင်းစာက ဇူလိုင် ၃၀ ရက်တွင် ရေးသားတင်ပြထား သည်။

ရုရှားနိုင်ငံ၏ သဘောတူခွင့်ပြု ချက်အရ လွှဲပြောင်းပေးအပ်မည့် အိုင် အင်န်အက်စ်ဆင်ဒူဝီရအမည်ရှိ အဆိုပါ ရေငုပ်သင်္ဘောသည် မြန်မာ့တပ် မတော် (ရေ)၌ ပထမဆုံးရေငုပ်သင်္ဘော ဖြစ်လာလိမ့်မည်ဖြစ်သည်။
အိုင်အင်န်အက်စ် ဆင်ဒူဝီရ ရေငုပ်သင်္ဘောကို လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံ ဟိန္ဒူစတန်သင်္ဘောကျင်း၌ အဆင့်မြှင့်တင် ပြင်ဆင်မှုများ ပြုလုပ် လျက်ရှိရာ ယခုနှစ်ကုန်ပိုင်းတွင် လုပ်ငန်း များအပြီးသတ်ဖွယ်ရှိသည်။
အိုင်အင်န်အက်စ် ဆင်ဒူဝီရ ရေငုပ်သင်္ဘောကိုလာမည့်နှစ်များအတွင်း ကိုယ်ပိုင်ရေငုပ်သင်္ဘောအုပ်စု ဖွဲ့စည်းတည်ဆောက်ရန် ကြိုးစားနေသော မြန်မာ့တပ်မတော် (ရေ) ကလေ့ကျင့်ရေး ရေငုပ်သင်္ဘောအဖြစ် အသုံးပြုမည်ဖြစ်သည်။
အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများ၏အဆိုအရ မြန်မာ့တပ် မတော်(ရေ)အတွက် လေ့ကျင့်ရေး ရေငုပ်သင်္ဘောအဖြစ် အသုံးပြုနိုင်ရန် အိုင်အင်န်အက်စ်ရေငုပ်သင်္ဘောတွင် အိန္ဒိယပစ္စည်းထုတ်စနစ်များ တပ်ဆင်ပေးထားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ စစ်ရေးစွမ်းပကားကို မြှင့်တင်ရန်အတွက်ကမ်းလှမ်းထားသည့် ချေးငွေအစီအစဉ်တစ်ရပ်အရ အိန္ဒိယနိုင်ငံက ရုရှားနိုင်ငံထံမှ ၁၉၈၀ ပြည့်နှစ်တွင် ၀ယ်ယူခဲ့သည့် အိုင်အင်န်အက်စ်ဆင်ဒူဝီရ ရေငုပ်သင်္ဘောကို မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ရန် စီစဉ်ထားခြင်းဖြစ်နိုင်ကြောင်း လေ့လာသူများကသုံးသပ်ထားသည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့အကြား စစ်ရေးဆက်ဆံမှုများ မြှင့်ခဲ့သည့်နှစ်များအတွင်း ပိုမိုခိုင်မာအားကောင်းလာခဲ့ပြီး လက်ရှိအချိန်မှာပင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိလျက်ရှိသည်။
မြန်မာနိုင်ငံသည် ရေငုပ်သင်္ဘောများ ၀ယ်ယူရရှိရေးအတွက် ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့်လည်း ဆွေးနွေးထားပြီးဖြစ်ကြောင်း သိရသည်။ အိုင်အင်န်အက်စ်ဆင်ဒူဝီရ ရေငုပ်သင်္ဘောသည် တန်ချိန် ၃၀၀၀၊ ကိုယ်ထည်အလျား ၇၂ဒသမ၆မီတာရှပြီး​ရုရှားနိုင်ငံလုပ် ၃ အမ် - ၅၄ ကာလီဘာ အမျိုးအစား တာတိုပစ် ခရုစ်ဒုံးကျည်များနှင့် ပုံစံ - ၅၃ တော်ပီဒိုများ တပ်ဆင်ထားသည်။

0 comments:

Post a Comment