Wednesday, July 31, 2019

မြန်မာနိုင်ငံ၌ထုတ်လုပ်သည့် တရုတ်ကားများ သြဂုတ်လဆန်းတွင် စတင်ရောင်းချရန်စီစဉ်

Image may contain: 2 people, crowd
Gold Aya Motors International Group Co.,Ltd မှ မြန်မာနိုင်ငံတွင် တပ်ဆင်သော ကားမော်ဒယ်သစ်အား သြဂုတ်လ ၂ ရက်နေ့တွင် ရန်ကုန်မြို့၌ စတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

`` The Belt and Road ဆိုတဲ့ စီမံကိန်းကို အကောင်အထည်ဖော်သည့်အနေဖြင့် ၂၀၁၇ခုနှစ်မှာ မြန်မာနိုင်ငံမှာ စတင်တည်ထောင်ခဲ့တဲ့ မော်တော်ကားတပ်ဆင်သည့် ကုမ္ပဏီဖြစ်ပါတယ်၊ ရင်းနှီးမြှုပ်နှံမှု ပမာဏက အမေရိ ကန်ဒေါ်လာ သန်း ၃၀ ဖြစ်ပါတယ်၊ ဆက်သွယ်ရေး၊ မျှဝေရေးနဲ့ ပူးပေါင်းတည်ဆောက်ရေးမူဝါဒအရ Gold Aya Motors ကနေ Basic Chanche ကားကိုမိတ်ဆက်ပေးခဲ့ပါပြီ၊ ရန်ကုန်မြို့မှာ သြဂုတ် ၂ ရက်နေ့မှ စတင်ဖြန့် ဖြူးရောင်းချပေးမှာဖြစ်ပါတယ်`` ဟု Shinning Star Group Company and Gold Aya Motors Board ၏ ဥက္ကဌ Mr.Yan Yu ကပြောသည်။
ယခုဖြန့်ချိမည့် BAIC CHANGHE ၏ Q35 သည် Auto Gear ကားအမျိုးအစားဖြစ်ပြီး အမြန်ဆုံး ၁ နာရီ ၁၆၀ ကီလိုထိမောင်းနိုင်ကာ ဆီးစားနှုန်းမှာလည်း ၈ လီတာလျှင် ၁၀၀ ကီလိုအထိ မောင်းနှင်နိုင်ကြောင်းသိရသည်။
ကုမ္ပဏီမှာ မြို့သာစက်မှုဥယျာဉ်တွင် တည်ရှိကာ တပ်ဆင်ရေးစက်ရုံ၊ စက်ပစ္စည်းများ၊ Components များ ထိန်းသိမ်းသည့်ဂိုဒေါင်၊ ကွန်တိန်နာများထားသည့်နေရာ၊ ထုတ်လုပ်ပြီးသော ကားများရပ်နားသည့် နေရာ၊ အစမ်းမောင်းနှင်သည့်လမ်းကြောင်းများ၊ ဆီထိန်းသိမ်းသည့်ဂိုဒေါင်၊ အစိုင်အခဲစွန့်ပစ္စည်းများ စွန့်ပစ်သည့်နေရာ၊ ဓာတ်ဆီထိန်းသိမ်းသည့်ဂိုဒေါင်နှင့် အဆင့်ဆင့်လုပ်ဆောင်သည့် အရာများပါဝင်သော စက်ရုံကို မြေဧက ၇၂၀၀တွင် တည်ဆောက်ထားရှိကြောင်းသိရသည်။
ကုမ္ပဏီအနေဖြင့် ကမ္ဘာကားကုမ္ပဏီများထဲတွင် အဆင့် ၁၂၉ တွင်ရှိကာ အိမ်သုံးဇိမ်ခံကား၊ SUV ကား၊ MPV ကား၊ လုပ်ငန်းသုံးကား၊ အထူးကား၊ ပစ်ကပ်ထရပ်ကား၊ New Energy ကားများထုတ်လုပ်လျက်ရှိကြောင်းလည်း သိရသည်။
Image may contain: 2 people, crowd
စူးရှ

0 comments:

Post a Comment