Tuesday, July 30, 2019

"မဲများလျှင် မှန်သည် ဆိုသည့် ပုံစံဖြင့် ခြေဥရေးလို့ မရ" ဟု ရခိုင်အမတ် ပြော

Image may contain: 2 people, people sitting and people standing
လွှတ်တော်တွင် မဲများလျှင် နိုင်သည် ဆိုသည့် ပုံစံမျိုးဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအားရေးလို့ မရနိုင်ကြောင်း ကျောက်ဖြူမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးဘရှိန်ကပြောကြားလိုက်သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခု အသစ်ရေးမယ်ဆိုရင် ဒီလွှတ်တော်ထဲမှာရေးလို့ မရနိုင်ပါဘူး။ လွှတ်တော်ထဲမှာ Vote is right ၊ မဲများရင် နိုင်တယ်။ မဲများရင် မှန်တယ်ဆိုတဲ့ ပုံစံနဲ့ ဥပဒေကို ရေးလို့ မရနိုင်တာဘူးဆိုတာ ပြောပါရစေ”ဟု ဦးဘရှိန်ကပြောသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာ အပေါ် ဆွေးနွေးရာတွင် ဦးဘရှိန်မှ အထက်ပါအတိုင်းထည့်သွုင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ကော်မတီ၏ အစီရင်ခံစာ၏ အပိုဒ် ၃ ပါဖော်ပြချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ် တစ်ခုရေးဆွဲရန်ကြိုစားနေသည်ဟု မြင်မိကြောင်း၊ ဥပဒေ တစ်ခု အားပြင်ဆင်မည်ဆိုပါက မည်သည့် အခန်း၊မည်သည့် အပိုဒ်၊ အပိုဒ်ခွဲများအား ပြင်ဆင်မည် ပြင်ဆင်သည့် လိုအပ်ချက်ကိုလည်း တိကျစွာ ဖော်ပြပေးရမည် ဖြစ်ကြောင်း ဦးဘရှိန်ကပြောသည်။
ကော်မတီ၏ အစီရင်ခံစာပါ လုပ်ဆောင်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း ၁၂ ပါ ပြဌာန်းချက်များအား လိုက်နာခြင်းမရှိသည့် အတွက် ယင်းအစီရင်ခံစာအားကန့်ကွက်ကြောင်း ၎င်း ကပြောသည်။
အစီရင်ခံစာနှင့် ပတ်သက်၍ ယနေ့ တွင်ကိုယ်စားလှယ် ၂၁ ဦး ဆွေးနွေးမည်ဟု အစည်းအဝေး၏ အစီအစဉ်အရ လျာထားသော်လည်း ၁၇ ဦးသား ဆွေးနွေးခဲ့ပြိး ကျန်ရှိနေသည့် ကိုယ်စားလှယ်များကို သြဂုတ်လ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း နာယက ဦးတီခွန်မြတ်ကကြေညာခဲ့သည်။

0 comments:

Post a Comment