Tuesday, July 30, 2019

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

Image may contain: one or more people, food and indoor

ဇူလိုင်လ ၂၉ ရက်နေ့ ၁၂၄၅ အချိန်တွင် အမှတ်(၉၂)ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကျောက်ဆည်မြို့ လက်ပြမီးပွိုင့်တွင် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းထိန်းသိမ်းရေး ဆောင်ရွက်နေစဉ် စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ လိပ်စောကျေးရွာနေသူ များဖြစ်သည့် အောင်သက်စိန် ၃၆ နှစ် စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ရွှေလုံ ၃၃ နှစ် စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့အား စစ်ဆေးရှာဖွေရာ အောင်သက်စိန် မောင်းနှင်လာသည့် ဆိုင်ကယ်ဖင်ထိုင်ခံကူရှင်အောက်မှ ပလတ်စတစ်အိတ်များဖြင့် ထုပ်ထားသည့် ဘိန်းစိမ်းအလေးချိန် ၁၁.၇ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၇၅.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ အားလည်းကောင်း၊ ရွှေလုံ မောင်းနှင်လာသည့် ဆိုင်ကယ်ဖင်ထိုင်ခုံကူရှင်အောက်နှင့် ဆိုင်ကယ်တူးဘောက်အတွင်း တို့မှ ပလတ်စတစ်အိတ်များဖြင့်ထုပ်ထားသည့် ဘိန်းစိမ်းအလေးချိန် ၁၄.၂ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ကျပ် ၂၁၃ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အားလည်းကောင်း တွေ့ရှိသိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ကျောက်ဆည်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုများရေးဖွင့်ပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေး လျက်ရှိကြောင်း သိရသည်။
Image may contain: 1 person
Credit - CCDAC
The Ladies News

0 comments:

Post a Comment