Wednesday, July 31, 2019

ငွေကျပ်သိန်းပေါင်း ၁၂၀၀၀ ကျော်လာဒ်စားမှုဖြင့် ထိုင်းနိုင်ငံဆိုင်ရာမြန်မာအလုပ်သမားသံအရာရှိစစ်ဆေးခံနေရ

Image may contain: 3 people, people sitting
ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးကို မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်က ငွေကျပ်သိန်းပေါင်း ၁၂၀၀၀ ကျော် လာဘ်စားမှုဖြင့် စစ်ဆေးနေကြောင်းသိရသည်။

ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးကို ထိုင်းနိုင်ငံသို့ လုပ်သားစေလွှတ်နေ သည့် အေဂျင်စီ ၃၂ ခုက ပြီးခဲ့သည့် ဧပြီ ၁၂ရက်က တိုင်ကြားခဲ့ခြင်းဖြစ်သည်။
အလုပ်သမားသံအရာရှိ ဦးစန်းမောင်ကို အေဂျင်စီ ၃၂ ခုက နိုင်ငံတော်သမ္မတ၊နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂိုလ်၊အမျိုးသားလွှတ်တော် ပြည်တွင်၊ပြည်ပ အလုပ်သမားရေးရာကော်မတီနှင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်က တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ယင်းသို့တိုင်ကြားမှုနောက်တွင် တိုင်ကြားသူများအနက်မှ ကိုယ်စား လှယ် ၅ ဦးကို နိုင်ငံတော်သမ္မတရုံးမှ မေ ၁၇ ရက်နေ့၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မေ ၁၆ ရက်နေ့နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ မေ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ ၅ရက် ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် အလုပ်သမားသံအရာရှိကို ယခုကဲ့သို့ခေါ်ယူစစ်ဆေးခြင်းဖြစ် ကြောင်းလည်း သိရသည်။
ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ဒီဇင်ဘာမှ စတင်ကာ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးတွင် တာဝန်ထမ်းဆောင်ခြင်းဖြစ်ကြောင်းနှင့် ဦးစန်းမောင်ဦးသည် အလုပ်သမားစေလွှတ်သည့် အေဂျင်စီများထံမှ အလုပ်သမားတစ်ဦး ထိုင်းငွေ ဘတ် ၁၀၀ တောင်းခံခဲ့ပြီး နယင်းတာဝန်ယူဆောင်ရွက်ခဲ့စဉ်ကာလအတွင်း အလုပ်သမား ၂ သိန်းခွဲခန့်ကို ပို့ဆောင်ရန်ခွင့်ပြုခဲ့ကြောင်းသိရသည်။
Image may contain: plant, tree and outdoor
YN

0 comments:

Post a Comment