Wednesday, July 31, 2019

ထိုင်း-ရုရှားနှစ်နိုင်ငံ ကုန်သွယ်ရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေး ပူးပေါင်းလုပ်ဆောင်ရန်ကတိပြု

ထိုင်း – ရုရှား နှစ်နိုင်ငံ ကုန်သွယ်ရေး၊ လုံခြုံရေးနဲ့ ကာကွယ်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့်ဗ်နဲ့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာတို့ ဇူလိုင်လ ၃၀ ရက်က ကတိပြုလိုက်ကြပါတယ်။

ဆာဂျီလက်ရော့်ဗ်ဟာ အာဆီယံ အစည်းအဝေးပွဲ မတိုင်ခင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို တရားဝင်ခရီးစဉ်နဲ့ ရောက်လာတာဖြစ်ပြီး  ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်းနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
အာဆီယံအဖွဲ့ ဝင်တွေနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးပွဲ ကို အခုသီတင်းပတ်အတွင်း ဘန်ကောက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ တောင်တရုတ်ပင်လယ်အငြင်းပွားမှုပြဿနာနဲ့  နျူကလီးယားဆွေးနွေးပွဲ အကြောင်းအရာတွေကို အဓိက ဆွေးနွေးသွားဖွယ် ရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ 
ဓာတ်ပုံ- ဘန်ကောက်ပို့စ် 
DVB

0 comments:

Post a Comment