Tuesday, July 30, 2019

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် ပတ်သက်ဆက်နွှယ်သူတစ်ဦး ထပ်မံဖမ်းဆီးရမိ

Image may contain: text
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြက်လှဲကျေးရွာ၌ AA အကြမ်းဖက် သောင်းကျန်းသူနှင့် ပတ်သက်ဆက်နွှယ်သူ ရှစ်ဦးဖမ်းဆီးရမိသည့် သတင်းအား ဇူလိုင်၂၈ ရက်တွင် သတင်းထုတ်ပြန် ခဲ့ပြီးဖြစ်သည်။

အဆိုပါဖမ်းဆီးထိန်းသိမ်းရမိသည့် AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်သူရှစ်ဦးအား စစ်ဆေးမေးမြန်းချက်အရ ဇူလိုင် ၂၈ ရက် ည ၇ နာရီ မိနစ်၅ဝ ခန့်တွင် မြောက်ဦးမြို့၊ လောကမူ ရပ်ကွက်ရှိ မြင်းကုန်းတန်ဘုန်းတော်ကြီးကျောင်း ပတ်ဝန်းကျင် တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်ရှာဖွေ စစ်ဆေးစဉ် ဘုန်းတော်ကြီးကျောင်း၏အနောက်မြောက် ဘက်သို့ မောင်းနှင် ထွက်ပြေးသွားသည့် ဆိုင်ကယ်တစ်စီး အား မသင်္ကာသဖြင့် ရပ်တန့်ရန်သတိပေးပြောဆိုခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် မောင်းနှင်ထွက်ပြေးသွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ငယ်ဖြင့် ခြောက်လှန့်သတိပေး ပစ်ခတ်ခဲ့သည်။
အဆိုပါသတိပေးပစ်ခတ်မှုကြောင့် ဆိုင် ကယ်မောင်းနှင်ထွက်ပြေးသူ မင်းပြားမြို့နယ်၊ ရွှေတမာကျေးရွာနေ ရဲလင်းနိုင်(ဘ)ဦးသာချမ်းအောင် တွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ကျောပိုးအိတ်နှင့် ဆိုင်ကယ်အား ရှာဖွေစစ်ဆေးရာ ဘီအေ-၁ဝ၉ လက်ပစ်ဗုံးတစ်လုံး၊ လက်တော့ကွန်ပျူတာ တစ်လုံးနှင့် ဆက်စပ် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိသူအား မြောက်ဦးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးဝါး ကုသမှုခံယူစေ လျက်ရှိပြီး လိုအပ်သည့် စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

0 comments:

Post a Comment