Tuesday, July 30, 2019

မုံရွာ လဝက ကို SMS မှတစ်ဆင့် ပြည်သူများ ဝေဖန်ချက်ပေးနိုင်

မုံရွာမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လ.ဝ.က) ရုံးတွင် ပုံစံ ၁၀ နှင့် မှတ်ပုံတင်စသည့်တို့ကိုလာရောက်ပြုလုပ်သူများက ဖုန်းမှ SMS (စာတို) ပေးပို့ခြင်းဖြင့် ဝန်ထမ်းများ၏ ဆောင်ရွက်မှုကို ဝေဖန်ချက်ပေးနိုင်ကြောင်း စစ်ကိုင်းတိုင်း လ.ဝ.က ဦးစီးမှူး ဦးယဉ်ထွေးက ပြောကြားသည်။
“လာရောက်သူတိုင်းရဲ့ ဖုန်းတွေကို SMS မုံရွာမြို့နယ် လ.ဝ.က ရုံးက အရင်ပို့တယ်။ ပြည်သူတွေဆီက ပြန်ကြားတဲ့ အပေါင်းလက္ခဏာဆန်တဲ့ မက်ဆေ့စ်တွေပြန်ရပါတယ်။ ရုံးဝန်ထမ်းတွေရဲ့ လုပ်ဆောင်မှုအပေါ်ဝေဖန်ချက်ပေးနိုင်အောင် မုံရွာမြို့နယ်မှာ ရှေ့ပြေးဆောင်ရွက်နေပါတယ်”ဟု ၎င်းက ဆိုသည်။ 

မုံရွာမြို့နယ်ရုံးသို့ လုပ်ငန်းများလာရောက် ဆောင်ရွက်ရာတွင် ဝန်ထမ်းများ၏ ဆက်ဆံရေးကောင်းမွန်ခြင်း၊ ပြည်သူများစိတ်ကျေနပ်မှုရှိခြင်း၊ အကြောင်းအမျိုးမျိုးပြအချိန်ဆွဲမှုရှိ မရှိကို စာတိုပေးပို့ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ပူးပေါင်းပါဝင်အကြံပြုရန် ဆောင်ရွက်သူများဖုန်းသို့ စာတိုပေးပို့သည့် ရှေ့ပြေးဆောင်ရွက်ချက်ကို ဇူလိုင်လဆန်းမှ စတင်အကောင်အထည်ဖော်ခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။ 

The Voice

0 comments:

Post a Comment