Tuesday, July 30, 2019

Capital One ဘဏ် ဒေတာချိုးဖောက်ခံရမှု လူသန်း(၁၀၀)လောက် ထိခိုက်မှုဖြစ်

Image may contain: outdoor
အမေရိကန်နဲ့ ကနေဒါမှာရရှိတဲ့ Capital One ဘဏ်မှ အသုံးပြုသူ သန်း(၁၀၀)ကျော်ရဲ့ကိုယ်ရေးအချက်အလက်တွေ အဖောက်ခံခဲ့ရပါတယ်။
ဒီသတင်းကို Capital One ဘဏ်က အခုလ(၂၉)ရက်က ထုတ်ပြန်ကြေညာခဲ့တာပါ။ ဖုန်းနံပါတ်တွေ၊ ဆိုရှယ်လုံခြုံရေးနံပါတ်တွေအပါအ၀င် အသုံးပြုသူတွေရဲ့အချက်အလက်တွေကို မတ်လနဲ့ဇူလိုင်လကြားမှာ ဟက်ကာတစ်ဦးက ချိုးဖောက်သွားခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် credit ကတ် အကောင့်နံပါတ်တွေကိုတော့ ဟက်ကာဘက်က ခိုးယူလို့မရခဲ့ဘူးလို့ ဆိုပါတယ်။
သံသယရှိဖွယ်တရားခံ အသက်(၃၃)နှစ်အရွယ် နည်းပညာအလုပ်သမားဟောင်း Paige Thompson ကို ဖမ်းဆီးထားပြီဖြစ်ပြီး၊ အခုလ(၂၉)ရက်မှာ တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။
Thompson ဟာ coding platform ၀က်(ဘ်)ဆိုဒ်တစ်ခုပေါ် ဟက်လုပ်ထားတဲ့အချက်အလက်တွေတင်ခဲ့တယ်လို့ ၀ါရှင်တန်က သိရှိခဲ့တာပါ။ Thompson ရဲ့ ပို့စ်ကိုတွေ့ရှိသွားတဲ့အခြား user တစ်ယောက်ကိုလည်း သတိပေးထား ပါတယ်။ အမေရိကန်ရှေ့နေချုပ်ရုံးကတော့ တရားခံရဲ့ရည်ရွယ်ချက်က ဘာဆိုတာအခုထိသေချာမသိသေးဘူးလို့ ဆိုပါတယ်။
Capital One ဘဏ်ရဲ့ပြောကြားချက်အရ၊ အချက်အလက်ချိုးဖောက်ခံရမှုနဲ့ပတ်သက်ပြီး အသုံးပြုသူတွေကို အကြောင်းကြားဖို့၊ credit ကတ်နံပါတ်တွေကိုစောင့်ကြည့်ဖို့နဲ့ ဥပဒေဆိုင်ရာကိစ္စတွေအတွက် အမေရိကန်ဒေါ်လာ သန်း(၁၅၀)ကုန်ကျမှာဖြစ်ပါတယ်။ ဒီကိစ္စဖြစ်ပြီးနောက်ပိုင်း ဘဏ်ရဲ့ရှယ်ယာ(၄)ရာခိုင်နှုန်းကျဆင်းသွားတယ်လို့
သိရကြောင်း ရိုက်တာသတင်းမှာဖောပြထားပါတယ်။
Image may contain: text
No photo description available.
No photo description available.

ဘာသာပြန် - ခိုင်စန္ဒာကျော်

0 comments:

Post a Comment