Wednesday, July 31, 2019

မြန်မာတပ်မတော်ကို ဆက်လက် ကူညီပေးမည်ဟု အိန္ဒိယစစ်ဦးစီးချုပ်များကော်မတီ ဥက္ကဌ ဆို


အိန္ဒိယတပ်မတော်အနေဖြင့် မြန်မာတပ်မတော် စွမ်းရည်မြှင့်တင့်ရေး တည်ဆောက်မှု ဆိုင်ရာလုပ်ငန်းများတွင် ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း အိန္ဒိယ( ကြည်း၊ရေ၊ လေ) ဦးစီးချုပ်များကော်မတီ ဥက္ကဌက ပြောဆိုလိုက်သည်။

အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးအလည်အပတ်ရောက်ရှိနေသည့် မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အိန္ဒိယ (ကြည်း၊ရေ၊ လေ) ဦးစီးချုပ်များကော်မတီ ဥက္ကဌ အိန္ဒိယလေတပ်ဦးစီးချုပ် Marshal Birender Singh Dhaoa က ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အိန္ဒိယတပ်မတော်မှ မြန်မာတပ်မတော်စွမ်းရည် မြင့်မားရေးတည်ဆောက်မှုများတွင် ကူညီဆောင်ရွက်မှုများအပေါ် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။
လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံက မြန်မာတပ်တော်အတွက် ရေငုပ်သင်္ဘောတစ်စီး လွှဲပေးရန် စီစဉ်နေကြောင်း အိန္ဒိယ အခြေစိုက် သတင်းများကဖော်ပြထားပြီး ယခင်ကလည်း မြန်မာတပ်မတော်(ရေ)အတွက် တော်ပီဒိုများ လွှဲပြောင်းပေးမှုများရှိခဲ့သည်။
သတင်း - ZMO
The Standard Time Daily

0 comments:

Post a Comment