Tuesday, July 30, 2019

ရေနံ​ချောင်း​ ကျေးရွာနှစ်ရွာပဋိပက္ခဖြစ်​စဉ်​မှ ရွာသား ၄ ဦးကို ဖမ်းဆီး

ရေနံ​ချောင်းမြို့နယ်မှာ ​ လူ ၄၀ နီးပါး​သေဆုံးခဲ့ရတဲ့  ရွာနှစ်ရွာ မြေယာအငြင်းပွား ပဋိပက္ခဖြစ်​စဉ်နဲ့ ပတ်သက်ပြီး ကျမ်းကိုင်​ကျွန်း​ကျေးရွာနဲ့ ဖရဲကျွန်း​ကျေးရွာ​နေ ​ဒေသခံ ၄ ဦးကို  ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်ပါတယ်။ 

ဖရဲကျွန်းရွာသား ကိုသန်းဦး၊ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု ကံသာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဦး၊ ကံသာကျေးရွာ အိမ်ရှင် ဦးမောင်ဝင်းနဲ့ ဦးဝင်းဦးတို့ကို ရဲတပ်ဖွဲ့က ဇူလိုင် ၃၀ရက်  ​နေ့လည်​ပိုင်းက ဖမ်းသွားတာလို့ ဖရဲကျွန်း​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ဦးမျိုး​ဇော်​သန့်​က ပြောပါတယ်​။
ဇူလိုင်​ ၂၃ ရက်​​က ​ဖရဲကျွန်း​ကျေးရွာနဲ့ ကန်​သာ​ကျေးရွာတို့အကြား ဧရာဝတီမြစ်​အတွင်းက ​မြေနုကျွန်းပိုင်​ဆိုင်​​မှုနဲ့ ပတ်သက်လို့ အငြင်းပွားပဋိပက္ခဖြစ်​ခဲ့ရာက လှေမှောက်ပြီး ရွာသား ၄၀ နီးပါး​သေဆုံးခဲ့ရတာပါ။
ဒီကနေ့အထိ ဧရာဝတီမြစ်​အတွင်းက အ​လောင်း ၂၇ ​လောင်းသာ မြစ်​အတွင်းကနေ ရှာ​ဖွေ​တွေ့ရှိထားပြီး ၁၀ ဦး​လောက် ပျောက်ဆုံးဆဲဖြစ်ပါတယ်​။
သတင်း- ကိုလင်း(​ချောက်​)
DVB

0 comments:

Post a Comment