Wednesday, July 31, 2019

ပုဂံဒေသ ယူနက်စကိုဝင်ခြင်းကို မကောင်းပြောခြင်းသည် မြန်မာပြည်ကို မချစ်၍ဖြစ်ကြောင်း မန္တလေးတိုင်း ၀န်ကြီးချုပ်ပြော

ပုဂံဒေသကို တစ်ကမ္ဘာလုံးက အသိအမှတ်ပြုသဖြင့် ယူနက်စကိုစာရင်းဝင် ဖြစ်လာခြင်းသည် ဂုဏ်ယူစရာဖြစ်ပြီး မကောင်းပြောနေခြင်းမှာ မြန်မာနိုင်ငံကို မချစ်သောကြောင့်ဖြစ်ကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

‘‘ယူနက်စကိုဝင်တာ ကောင်းတဲ့အလုပ်ဗျ၊ ဘယ်လောက်ဂုဏ်ယူစရာ ကောင်းလဲ။ ကျွန်တော်တို့ မန္တလေးတိုင်းထဲမှာရှိတဲ့ ပုဂံ၊ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုတယ်။ ဒါဖြင့် ဘာလို့ မကောင်းပြောနေကြတာလဲ။ အဲဒါညီညွတ်ချင်တဲ့ စိတ်ဓာတ်မရှိလို့၊ မြန်မာ နိုင်ငံကိုမချစ်လို့ဗျ’’ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။
ဒေါက်တာဇော်မြင့်မောင်သည် မြို့သာစက်မှုဇုန်ရှိ မော်တော်ကားစက်ရုံ ဖွင့်ပွဲတွင် နိဂုံးချုပ် အမှာစကားပြောစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
ရှေးဟောင်းမြို့တော် ပုဂံဒေသကို ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ် မှတ်ခံရ၍ ဂုဏ်ယူနေခြင်းမှာ တလွဲဆံပင်ကောင်းခြင်းသာဖြစ် သည်ဟု သီတဂူဆရာတော်ကြီး က မိန့်ကြားသဖြင့် ပြည်သူများကြား ဝေဖန်မှုများ မြင့်တက်နေ ပြီး အဆိုပါ ကိစ္စကို ရည်ရွယ် ကာ ဒေါက်တာဇော်မြင့်မောင်က ပြောခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့ မန္တလေး လည်းချစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကို ပိုချစ်ရပါမယ်။ ကျွန်တော်တို့နိုင်ငံအတွက် ကြိုးစားဖို့လိုပါတယ်။ အားလုံးဝိုင်းကြိုးစားပေး ကြပါ’’ဟု ဒေါက်တာဇော်မြင့် မောင်က ပြောသည်။
သီတဂူ  ဆရာတော်ကြီး သည် ဇူလိုင် ၂၇ ရက်က ပြင်ဦး လွင်မြို့ရှိ အောင်ချမ်းသာကျောင်း တိုက်တွင် သာသနိကအဆောက် အအုံများ စုပေါင်း ရေစက်ချ အောင်ပွဲအဖြစ် ကျင်းပသည့်အ ချိန် နှစ်နာရီကြာမြင့်သော တရားပွဲ၌ ပုဂံဒေသအကြောင်း ခြောက်မိနစ်ကြာ ထည့်သွင်းဟောကြားခဲ့ သည်။
 ‘‘မြန်မာ့အမွေအနှစ်ကို မြန်မာက ထိန်းနိုင်ရင် မြန်မာက ဂုဏ်ယူဖို့ပဲ။ မြန်မာ့အမွေအနှစ်ကို တခြားပေးပြီးတော့ ဟိုးဟိုဘက်ကလူတွေထိန်းပေးတာကို ဂုဏ်ယူနေခြင်းဟာ ဘာဂုဏ်မှ ဂုဏ်မရှိတဲ့ ကိစ္စနော်။ ကိုယ့်တိုင်းပြည်ရဲ့ ကိုယ့်အမွေအနှစ်ကို ကိုယ်တိုင်  ထိန်းရမှ ကိုယ်ဂုဏ်ယူနေရမှာ  မဟုတ်လား။ ဟိုဘက်ကပေးတဲ့ ပိုက်ဆံနဲ့ ဟိုကလူတွေ ထိန်းပြီး တော့ ဟိုကစည်းကမ်းအတိုင်း အကုန်လုံးနားထောင်ကြရမှာ။ အဲဒါကို ဂုဏ်ယူနေခြင်းဟာ တလွဲ ဆံပင်ကောင်းခြင်းပဲ။ ဘုန်းကြီးကတော့ ဒီလိုပဲထင်တယ်’’ဟု သီတဂူဆရာတော်ကြီးက မိန့်ကြားခဲ့ သည်။
ပုဂံဒေသ ထိန်းသိမ်းစောင့်ရှောက်ခွင့်ကို ယူနက်စကိုနှင့် အဇာဘိုင်ဂျန်နိုင်ငံသို့ ပေးအပ်ခြင်း မဟုတ်ဘဲ၊ ကမ္ဘာ့အမွေ အနှစ်စာရင်းဝင် ပုဂံဒေသကို မြန်မာလူမျိုးများနှင့် မြန်မာအစိုးရကသာ စီမံထိန်းသိမ်းရမည်ဖြစ်ပြီး၊ အဇာဘိုင်ဂျန်နိုင်ငံသည် ယူနက်စကို၏ တည်နေရာမဟုတ် ဘဲ အဖွဲ့ဝင်နိုင်ငံများက အလှည့်ကျ ပြုလုပ်နေခြင်းဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံ ၁၀၀ ကျော်၏ ရန်ပုံငွေများဖြင့် ကမ္ဘာ့အမွေအနှစ်ဒေ သများကို ထိန်းသိမ်းနေခြင်း ဖြစ် ကြောင်း ရှေးဟောင်းပညာရှင်များ က ပြောသည်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာသဖြင့် နိုင်ငံတကာက ပိုမို သိရှိပြီး ကမ္ဘာတစ်ဝန်းမှ ခရီးသွား များကို ပိုမိုဆွဲဆောင်လာနိုင်မည် ဖြစ်သလို ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ကမ္ဘာတည်သ ရွေ့ တည်တံ့နိုင်စေရန် နည်းပညာ နှင့် ငွေကြေးအကူအညီများ ရရှိ မည်ဖြစ်ကြောင်း ရှေးဟောင်း ပညာရှင်များက ပြောသည်။ ပုဂံ ဒေသ၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက နည်းပညာ နှင့် ငွေကြေးထောက်ပံ့မှုအကူအ ညီများ အမြန်ဆုံး ရရှိမည်ဖြစ်သည်။
ထို့အပြင် စစ်မက်ဖြစ်ပွားခဲ့လျှင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သည့်အတွက် မည်သည့်နိုင်ငံကမျှ၊ မည်သူကမျှ အမွေအနှစ်များနှင့်ဒေသကို ထိခိုက်အောင်လုပ်၍ မရပေ။

7Day

0 comments:

Post a Comment