Tuesday, July 30, 2019

ပြည်ခိုင်ဖြိုးအမတ်ဆွေးနွေးသည့် စကားလုံးအချို့ NLD အမတ် ကန့်ကွက်

No photo description available.
ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာ အပေါ် မိုင်းပန်မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးစိုးကျော်မိုး မှ အစီရင်ခံစာ တင်သွင်းခြင်းသည် လွှတ်တော်နှင့် တပ်မတော်အကြား နိုင်ငံရေးပါတီများအကြား constitutional cracksick ဖြစ်အောင်ရည်ရွက်ချက်ရှိရှိ ဖန်တီးနေစရာ ဖြစ်နေကြောင်း မေးခွန်းစရာ ဖြစ်နေတယ်ဟု ၎င်း ကပြောကြားခဲ့သည်။

ယင်းသို့ပြောရခြင်းသည် ပြင်ပတွင် အစီရင်ခံစာ တင်ပြမီနှင့် တင်ပြီးနောက် ပြင်ဆင်ရန်ထောက်ခံမှု၊ အခြေခံဥပဒေ ၂၀၀၈ ပါအတိုင်း လိုက်နာပြင်ဆင်ရေး ဆန္ဒဖော်ထုတ်မှု၊နိုင်ငံတော်နှင့် အမျိုးသားအကျိုးစီးပွားနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အနှစ်သာရကို ပျက်စီးစေမည့် ပုဒ်မများကို မပြင်ရန် ဆန္ဒဖော်ထုတ် မှုများသည် နေရာ အနှံ့အပြား များတွင် ရှိလာ၍ ဆန့်ကျင်ဘက် အဖွဲ့အစည်းနှစ်ခု၏ ပွတ်တိုက် မှုဖြစ်ပေါ်လာနိုင်သည့် အတွက် နိုင်ငံရေးသည် စိုးရိမ်စရာ ဖြစ်လာကြောာင်း ဥိးစိုင်းကျော်မိုးကပြောသည်။
ထိုသို့ ဆွေးနွေးပြောဆိုမှု အပေါ် မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် ၄ မှ ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က “ လွှတ်တော်ကြီးနဲ့ တပ်မတော်နဲ့ ကျန်တဲ့ အစုအဖွဲ့တွေရဲ့ အကြား ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး constitutional cracksick ဖြစ်အောင် တမင် ရည်ရွက်ချက်ရှိရှိ နဲ့ ဆောင်ရွက်တယ်လို့ ယူဆတယ်လို့ စွပ်စွဲချက်မျိုးဟာ အဖွဲ့အစည်း တစ်ခုကနေ တစ်ခု ကို စွပ်စွဲတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ဒါက လွှတ်တော်ထဲမှာဆွေးနွေးလို့ မရပါဘူး။ အဲ့ဒီဟာကို ဥပဒေနဲ့ အညီ ဆွေးနွေးချက်ထဲက ပယ်ဖျက်ပေးစေချင်ပါတယ်” ဟု မတ်တပ်ရပ် ကန့်ကွက်ကာ လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ပေးရန်ပြောကြားခဲ့သည်။
ကန့်ကွက်ရခြင်းသည် လွှတ်တော်တွင် သက်ဆိုင်ရာဥပဒေနှင့် အညီ မဲခွဲဆုံးဖြတ် အတည်ပြုပြိးသည့် ကိစ္စအား ထပ်ဆလဲလဲတင်ပြနေခြင်းသည် လွှတ်တော်ဆဆိုင်ရာ နည်းဥပဒေ ၁၉ (ည) တွင် ဖော်ပြသည့် စည်းကမ်းသတ်မှတ်ချက် နှင့် ကျော်လွန်နေကြောင်း ဦးအောင်ကြည်ညွှန့်က ထောက်ပြပြောဆိုခဲ့သည်။
ဦးအောင်ကြည်ညွှန့်၏ ပြောကြားချက် အပေါ် နာယက ဦးတီခွန်မြတ်က အဆိုပါ စကားရပ်များကို လွှတ်တော်၏ မှတ်တမ်းမှ ပယ်ဖျက်ရန်ကြေညာခဲ့သည်။

0 comments:

Post a Comment