Tuesday, July 30, 2019

ထိုင်းနိုင်ငံ၌ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ပါဝင်မှုရာခိုင်နှုန်းမြှင့်တင်ခဲ့ခြင်းကို အတုယူရန် ပြည်ခိုင်ဖြိုးအမတ် ပြော

ထိုင်းနိုင်ငံ၌ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ပါဝင်မှုရာခိုင်နှုန်းမြှင့်တင်ခဲ့ခြင်းကို အတုယူရန် ပြည်ခိုင်ဖြိုးအမတ် ပြော
ထိုင်းနိုင်ငံ၌တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ပါဝင်မှုရာခိုင်နှုန်းမြှင့်တင်ခဲ့ခြင်းကို အတုယူရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မင်းကင်းမဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ပြောသည်။
ဇူလိုင်လ ၃၀ ရက်တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ ဆဋ္ဌမနေ့၌ ယင်းကဲ့သို့ ပြောခြင်းဖြစ်သည်။
“ကျွန်တော်ဟာ တပ်မတော်သားကိုယ်စားလှယ်မဟုတ်ပေမဲ့ ပြောနိုင်တာတစ်ခုကတော့ တပ်မတော်ဟာ သိပ်ပြီးပျော်နေလို့ လွှတ်တော်မှာပါဝင်နေတာ မဟုတ်ဘူးဆိုတာပါပဲ။ အိမ်နီးချင်း ထိုင်းလိုနိုင်ငံမှာတောင် သူ့နိုင်ငံရဲ့ အမျိုးသားရေးလိုအပ်ချက်အရ ဒီမိုကရေစီနိုင်ငံဆိုပေမယ့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ပါဝင်မှုကို ယခင်ကထက်ရာခိုင်နှုန်းမြှင့်တင်ခဲ့တာကို သင်ခန်းစာယူရမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မင်းကင်းမဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ပြောသည်။
၂၀၀၈ ဖွဲ့စည်းအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် တင်ပြဆွေးနွေးခဲ့သည့် အခန်း(၁)၊ နိုင်ငံတော်အခြေခံမူများ ပုဒ်မ(၁၄)တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၏ အရေအတွက်ကို လွှတ်တော်သက်တမ်းအလိုက်လျော့ချရန်ဆိုသည့်ကိစ္စမှာ မြန်မာနိုင်ငံ၏ဒီမိုကရေစီသည် Transition Period ဖြစ်ပြီး အင်မတန်နုနယ်သေးကြောင်းလည်း ၄င်းက ထည့်သွင်းပြောကြားခဲ့သည်။
ကော်မတီမှ တင်ပြသောအချက်များသည် အလွန်များပြားပြီး တိုင်းပြည်အတွက် အန္တရာယ်ရှိနိုင်ကြောင်း၊ အစီရင်ခံစာတွင် အကြံပြုချက်၊ ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်များအပါအ၀င် အချက်ပေါင်း ၃၇၆၅ ချက် ပါဝင်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားထားသည်။

နိုင်မင်းလွင် ( အကုန်သိ သတင်းဌာန )

0 comments:

Post a Comment