ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြေဧကထောင်နှင့်ချီရောင်းချပေးမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့မှ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီရုံးခန်းမတွင် ဇူလိုင် ၂၄ ရက်ကကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။
“ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေပြီးတော့ မြေတွေကိုထုတ်ပြီးရောင်းဖို့ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဧကထောင်နဲ့ချီပြီးထုတ်ရောင်းပေးဖို့ကျွန်တော်တို့ပြင်ဆင်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ လာရောက် ရင်းနှီးမြုပ်နှံလိုသူတွေအတွက် အခွင့်အလမ်းပေးဖို့လိုပါတယ်။ သူတို့ဒီမှာလာရောက်ရင်းနှီးမြုပ်နှံတဲ့အခါမှာ မြေငှားရမ်းခတွေဟာအင်မတန်ဈေးကြီးတယ်ဆိုတဲ့အခြေအနေကိုဖြေလျှော့ပေးနိုင်ဖို့အတွက် အကောင်းဆုံး ဆောင်ရွက်နိုင်ဖို့အတွက်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့မြေရောင်းတဲ့အခါမှာ နေရေးအခက်အခဲ ရှိနေသူတွေအတွက်လည်း စဉ်းစားပါမယ်”ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။
ယင်းကဲ့သို့ မြေများရောင်းချပေးခြင်းကိုအသုံးချကာ မြေဈေးကစားမည်ကိုခွင့်ပြုမည်မဟုတ်ဘဲ ၆ လအတွင်း လုပ်ငန်းစတင်မည့် ရင်းနှီးမြှုပ်နှံသူများကိုသာ ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း ၄င်းက ဆက်ပြောသည်။
ထို့အပြင် ရောင်းချမည့်မြေများတွင်လယ်ယာမြေများပါဝင်ပါကလည်း လျော်ကြေးများပေးအပ်သွားမည် ဖြစ်ကြောင်း ၄င်းက ပြောကြားထားသည်။
မင်းသီဟန် ( အကုန်သိ သတင်းဌာန )
0 comments:
Post a Comment