Monday, July 1, 2019

ဆွီဒင်အထူးသံအဖွဲ့ မြောက်ကိုရီးယား ရောက်ရှိ


ဆွီဒင်အထူးသံတမန် ခန့်ရော့ဖ် မာဂ်နက်စ် ဟာစတတ်ဟာ ဇူလိုင် ၁ ရက်နေ့က မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းကို ရောက်လာခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ KCNA က ပြောပါတယ်။ 
ဟာစတတ်ဦးဆောင်တဲ့ ဆွီဒင်ကိုယ်စားလှယ်အဖွဲ့ကို မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတဦးက ပြုံယမ်း အပြည်ပြည် ဆိုင်ရာလေဆိပ်မှာ ကြိုဆိုနေတဲ့ ရုပ်သံဖိုင်ကို KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

ဆွီဒင်သံတမန်အဖွဲ့ မြောက်ကိုရီးယားကို ဘာကြောင့် ရောက်လာတာလဲ၊ ဘယ်လောက် ကြာမှာလဲ ဆိုတာကိုတော့ တိတိကျကျ မဖော်ပြခဲ့ပါဘူး။ 

ဒါပေမယ့် ဆွီဒင်သံတမန်အဖွဲ့ရဲ့ အဲဒီခရီးစဉ်ဟာ မြောက်ကိုရီးယားမှာ ရက်အတော်ကြာ ပျောက်နေတဲ့ သြစတြေးလျကျောင်းသား အဲလက်စ် ဆစ်ဂလီနဲ့ ပတ်သက်လိမ့်မယ်လို့ ယူဆရတယ်လို့ တောင်ကိုရီးယားမီဒီယာ ယုံဟပ်သတင်းဌာနက အစီရင်ခံပါတယ်။ 

အသက် ၂၉ နှစ်အရွယ် ဆစ်ဂလီဟာ ပြုံယမ်းမြို့က ကင်အီဆွန်း တက္ကသိုလ်မှာ ကိုရီးယားစာပေ မဟာတန်း တက်နေတဲ့ ကျောင်းသား တယောက်ပါ။ ဒါ့အပြင် သူဟာ မြောက်ကိုရီးယားကိုလာတဲ့ ပြည်ပခရီးသွားတွေကို ပညာရေးခရီးစဉ် ဝန်ဆောင်မှုပေးတဲ့ အသေးစား ခရီးသွား ကုမ္ပဏီတခုလည်း တည်ထောင်ထားပါတယ်။

DVB

0 comments:

Post a Comment