Monday, July 1, 2019

အပစ်ရပ်ကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းရပ်များ ထိရောက်စွာ ဆောက်ရွက်နိုင်ရန် တပ်မတော်မှတိုက်တွန်း


ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းရပ်တွေကို ထိရောက်စွာဆောက်ရွက်နိုင်ဖို့ တိုက်တွန်းကြောင်း ကြေညာချက်တစ်ရပ်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကသတင်းထုတ်ပြန်ပါတယ်။ 
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားတဲ့ ၆ လတာ ကာလအတွင်း တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာတာ၊ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ ညှိနှိုင်းအဖြေရှာတာ အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တိုးတက်ခိုင်မာစေရေး ကိုယ်စားလှယ်တွေ ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ရာမှာ ပြည်သူလူထုက မျှော်လင့်ထားသလောက် ခရီးမရောက်ခဲ့ကြောင်းတွေ့ရပါတယ်။ တိုင်းရင်းသားပြည်သူလူထုအားလုံးရဲ့ လိုအင်ဆန္ဒဖြစ်တဲ့ ဒီမိုကရေစီလမ်းစဉ်ကို နည်းမှန်လမ်းမှန်နဲ့ လျှောက်လှမ်းဖို့ ၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူ့လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တပ်မတော်က ထပ်မံခွင့်ပြုထားတဲ့ ပစ်ခေတ်တိုက်ခိုက်မှု ရပ်စဲထားတဲ့ ၂ လတာ ကာလကို အရင်ကထက် ထိထိရောက်ရောက် ပိုမိုအကျိုးရှိစွာ အသုံးပြုသွားနိုင်ပါရန် တိုက်တွန်း အပ်ပါတယ်လို့ အဲဒီထုတ်ပြန်ချက်မှာဖော် ပြထားပါတယ်။ အဲဒီထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး 
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းရပ်များ ထိရောက်စွာ ဆောက်ရွက်နိုင်ရေး တိုက်တွန်းချက် 
(၁၃၈၁ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၄ ရက်) 
(၂၀၁၉ ခုနှစ်၊ ဇူလှိုင်လ ၁ ရက်) 
၁။ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးက လိုလားတောင့်တခဲ့ကြသည့် “ခေတ်မီဖွံ့ဖြိုးတိုးတက် သော ဒီမိုကရေစီနိုင်ငံတော်” အား တည်ဆောက်ရာတွင် မည်သည့် အဖွဲ့အစည်း၊ မည်သည့်လူပုဂ္ဂိုလ်မဆို ၎င်းတို့၏လိုအင်ဆန္ဒများကို ဒီမိုကရေစီနည်းလမ်းတကျသာ တောင်းဆိုရမည်ဖြစ်သည်။ ဒီမိုကရေစီလမ်းစဉ်၏ ဆန့်ကျင်ဘက်ဖြစ်သော လက်နက်စွဲကိုင်၍ တောင်းဆိုခြင်းများကြောင့်ဖြစ်ပေါ်လာသည့် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများအား ဖြေရှင်းနိုင်ရေးသည် တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဟု တပ်မတော်က ယုံကြည်သည်။ ထို့ကြောင့် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များအား ဆောင်ရွက်ရာတွင် ပါဝင် ပတ်သတ်နေသူများအားလုံး ယုံကြည်မှုမြင့်မားစွာဖြင့် ဆောင်ရွက်နိုင်ရေး မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် သမိုင်းတွင် တစ်ခါမျှမရှိခဲ့ဘူးသော တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့နှင့် ၂၀၁၉ ခုနှစ်၊ဧပြီလ ၃၀ ရက်နေ့တို့တွင် ထုတ်ပြန်ကြေငြာ၍ ၆ လတာ အပစ်အခတ် ရပ်စဲပေးခဲ့ပါသည်။ 
၂။ လိုအပ်ချက်များအရ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင်လည်း တတိယအကြိမ် ထုတ်ပြန်ကြေငြာ၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအား ၂ လတာ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ပထမအကြိမ် နှင့် ဒုတိယအကြိမ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားသည့် ၆ လတာ ကာလအတွင်းတွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်းအပါအဝင် ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ညှိနှိုင်း အဖြေရှာခြင်းအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်ခိုင်မာစေရေး ကိုယ်စားလှယ်များ ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ရာတွင် ပြည်သူလူထုက မျှော်လင့်ထားသလောက် ခရီးမရောက်ခဲ့ကြောင်း တွေ့ရှိရသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား ပါတီစုံဒီမိုကရေစီစနစ်လျှောက်လှမ်းရာတွင် မှန်ကန်စွာ လျှောက်လှမ်းနိုင်ရေး ရည်ရွယ်၍ တပ်မတော်မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လမ်းဖွင့်ပေးခဲ့ခြင်းဖြစ်၍ လက်နက်ကိုင်လမ်းစဉ် အစား တစ်နိုင်ငံလုံး ပစ်ခေတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် အမြန်ဆုံးပါဝင်လက်မှတ်ရေးထိုးပြီး ဆွေးနွေးညှိနှိုင်းမှုများဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆက်လက် လျှောက်လှမ်းကြရန် လိုအပ်မည်ဖြစ်ပါသည်။ 
၃။ သို့ဖြစ်ပါ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သတ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ အားလုံးအနေဖြင့် တိုင်းရင်းသားပြည်သူလူထုအားလုံး၏ လိုအင်ဆန္ဒဖြစ်သည့် ဒီမိုကရေစီလမ်းစဉ်အား နည်းမှန်လမ်းမှန်ဖြင့် လျှောက်လှမ်းရေး ၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တပ်မတော်က ထပ်မံခွင့်ပြုထားသော ပစ်ခေတ်တိုက်ခိုက်မှု ရပ်စဲထားသည့် ၂ လတာ ကာလအား ယခင်ကထက် ထိထိရောက်ရောက် ပိုမိုအကျိုးရှိစွာ အသုံးပြုသွားနိုင်ပါရန် တိုက်တွန်း အပ်ပါသည်။ 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
One News Myanmar 

0 comments:

Post a Comment