Monday, July 1, 2019

အစိုးရသက်တမ်းသုံးနှစ်အတွင်း ရန်ကုန်စည်ပင်လုပ်ဆောင်မှုများအနက်ဂုဏ်အယူရဆုံးလုပ်ဆောင်မှုမရှိသေးဟု မြို့တော်ဝန်ဆို


အစိုးရသက် တမ်းသုံးနှစ်အတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် ဂုဏ်အယူရဆုံး လုပ်ဆောင်မှုမရှိ သေးကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။ 
ဇူလိုင် ၁ ရက်က မြို့တော်ခန်းမ တွင်ပြုလုပ်သည့် ရန်ကုန်စည်ပင် သတင်းစာရှင်းလင်းပွဲတွင် သက်တမ်း သုံးနှစ်အတွင်း မြို့တော်စည်ပင်၏ ဆောင်ရွက်ပေးခဲ့သည့် ပြုပြင်ပြောင်း လဲမှုလုပ်ငန်းများအနက် မည်သည့် ကိစ္စမှာ ဂုဏ်ယူစရာအကောင်းဆုံး လဲဟု သတင်းထောက်တစ်ဦးက မေးမြန်းရာ ゞင်းက အထက်ပါအ တိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 
""ကျွန်တော်တို့ ဂုဏ်အယူ ရဆုံးဆိုတာက ဒါ အမှန်တိုင်းပြော တာနော်။ ဘာမှမရှိသေးဘူး။ ကျွန် တော်တို့မှာ လုပ်စရာတွေက အများ ကြီး။ ရှင်းတယ်နော်။ လုပ်စရာတွေ အများကြီးရှိတဲ့အတွက်ကြောင့် ဒီ ဟာလည်း ပြီးအောင်လုပ်ရတယ်။ 
နောက်တစ်ခုကို လည်း ပြီးအောင်လုပ်ရတယ်။ ပြီးလို့ရှိ ရင် ဒီထက်ကောင်းအောင်လည်း လုပ်ရတာတွေရှိတယ်။ ဂုဏ်ယူ တယ်ဆိုတာက finishing ပြီးမှ ဂုဏ်ယူရတာပါ။ ရှင်းမလားမသိ ဘူး။ အဲဒါကို ဂုဏ်ယူပါတယ်ဆိုတာ ကျွန်တော်ြွကားသလို ဖြစ်မှာစိုးလို့။ ကျွန်တော် အဲဒီလိုလူတန်းစားထဲ မှာမပါဘူး။ ကျွန်တော် အလုပ်ပဲ လုပ်တဲ့သူပါ"" ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။ 
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အတွင်း ရေးမှူးဒေါ်လှိုင်မော်ဦးကမူ လက် ရှိ မြို့တော်စည်ပင်သက်တမ်း အတွင်း လုပ်ဆောင်ပေးခဲ့မှုများ အနက် အမှိုက်ပစ်မှုလျှော့ချရေး တွင် အောင်မြင်မှုများရှိကာ နောက်ဖေးလမ်းကြား သာယာဖွံ့ ဖြိုးတိုးတက်ရေးများ ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ ကျောင်းများတွင် ကလေးများကို အမှိုက်စနစ်တကျ စွန့်ပစ်နိုင်စေရန် ပညာရေးဝန်ကြီး ဌာနနှင့်စည်ပင်ပူးပေါင်းသင်ကြား ပေးခြင်းကြောင့် အနာဂတ်လူ ငယ်များ၏ စိတ်ဓာတ်ပြုပြင်ပေး နိုင်ခဲ့ခြင်းသည် ဂုဏ်ယူစရာဖြစ် ကြောင်းပြောသည်။ 
စည်ပင်မှသိမ်းယူထားသော အင်းစိန် GTI ကျောင်းကို ပညာ ရေးဝန်ကြီးဌာနထံ ယခုအစိုးရ လက်ထက်တွင် ပြန်လည်လွှဲအပ် ပေးခဲ့မှုမှာလည်း ဂုဏ်ယူစရာ တစ်ခုဖြစ်ကြောင်း စည်ပင်သာ ယာရေးကော်မတီအဖွဲ့ဝင် ဒေါ်သန်း မြင့်အောင်က ပြောသည်။ 
ရန်ကုန်စည်ပင်သာယာနယ် နိမိတ် ၃၃ မြို့နယ်အတွင်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းခင်း လုပ်ငန်းများ၊ ရေကြီးရေလျှံ မဖြစ် ရန်မြောင်းတူးဖော်မှု လုပ်ငန်းများ၊ ဈေးများ စည်ပင်ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ၊ ခွေးလေခွေးလွင့် လျှော့ချရေးလုပ်ငန်းများနှင့် အ မှိုက်စွန့်ပစ်စနစ်များကို အစဉ်တ စိုက်အကောင်းဆုံး လုပ်ဆောင်နေ ကြောင်းမြို့တော်ဝန် ဦးမောင် မောင်စိုးကပြောသည်။ 
သို့သော်၊ ရန်ကုန်မြို့ရှိလမ်း များ၊ ဓာတ်တိုင်များနှင့် မြောင်း များမကြာခဏ ရွှေ့ပြောင်းနေရ ခြင်းကိုလည်း ဝန်ကြီးဌာနနှင့် ဌာန ဆိုင်ရာများအကြား ချိတ်ဆက်မှု အာနည်းချက်ရှိကြောင်း မြို့တော် ဝန်ကဝန်ခံခဲ့ကာ အဆိုပါအား နည်းချက်ကိုပြင်ဆင်ရန် ကြိုး စားနေကြောင်း ပြောကြားခဲ့သည်။ 
NT 
#Democracytoday

0 comments:

Post a Comment