ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၃၀ကျော်အတွင်း ပထမဆုံးအနေနဲ့ စီးပွားဖြစ် ဝေလငါးဖမ်းဆီးတာကို ဇူလိုင် ၁ရက်နေ့က စပြီး ပြန်ခွင့်ပြုလိုက်ပါတယ်။
အဲဒီလိုခွင့်ပြုလိုက်တာကြောင့် တကမ္ဘာလုံးက ပြစ်တင်ဝေဖန်သံတွေ ထွက်ပေါ်လာပြီး ဝေလငါးတွေရဲ့ ကံကြမ္မာအပေါ် စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။
ဂျပန်ငါးလုပ်ငန်းအေဂျင်စီက ချမှတ်တဲ့ ငါးအကောင်ရေ ကန့်သတ်ပမာဏနဲ့အညီ စီးပွားဖြစ် ဝေလငါးဖမ်းတဲ့လုပ်ငန်းကို အနာဂတ်မှာလည်း ဆက်လုပ်ချင်တယ်လို့ အသေးစား ဝေလငါးဖမ်း လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ယိုရှီဖူမီခါ့အိက ပြောပါတယ်။
သူတို့အဖွဲ့အနေနဲ့ ပင်လယ်သမုဒ္ဒရာထဲမှာရှိတဲ့ ဝေလငါး အကောင်အရေအတွက်ကိုလည်း စစ်တမ်းကောက်ယူသွားမယ်လို့ ယိုရှီဖူမီခါ့အိကပြောပါတယ်။
စစ်တမ်းကောက်ယူပြီးလို့ လုံလောက်တဲ့ ဝေလငါးအရေအတွက်ရှိတာ သိရရင် ဖမ်းခွင်ပေ့းမယ့် ဝေလငါးအကောင်ရေ ပမာဏကိုလည်း ထပ်တိုးခွင့်ပြုပေးဖို့ မျှော်လင့်တယ်လို့ သူက ဆက်ပြောပါတယ်။
ဝေလငါးဖမ်းခွင့်ပြန်လည်ခွင့်ပြုလိုက်တဲ့ ဇူလိုင် ၁ ရက်နေ့မှာပဲ ဝေလငါးဖမ်းမယ့် သင်္ဘောငယ် ၅ စီး ဂျပန်ဆိပ်ကမ်းကနေ ထွက်ခွာသွားပါတယ်။
ထွက်သွားတဲ့ငါးဖမ်းသင်္ဘော ၅ စီးဟာ နွေရာသီကာလတလျောက်လုံးနီးပါး ပင်လယ်ထဲမှာ ဝေလငါး ဖမ်းကြမှာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
DVB
0 comments:
Post a Comment