Monday, July 1, 2019

စာရေးဆရာမကြီး ကလျာ (ဝိဇ္ဇာ/သိပ္ပံ) ကွယ်လွန်


စာရေးဆရာမကြီး ကလျာ(ဝိဇ္ဇာ/သိပ္ပံ) ဟာ ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ နေအိမ်မှာ ၉၆ပါး ရောဂါနဲ့ ကွယ်လွန်သွားကြောင်းသိရပါတယ်။ဆရာမကြီးဟာ ကွယ်လွန်ချိန်မှာ အသက် ၈၂နှစ် ရှိပြီဖြစ်ပါတယ်။ 
အမည်ရင်း ဒေါ်ခင်ခင်ဝင်းလို့ ခေါ်တဲ့ စာရေးဆရာမကြီး ကလျာ (ဝိဇ္ဇာ/သိပ္ပံ)ဟာ ၁၉၃၈ ခုနှစ် မေလ ၁၄ရက် ဧရာဝတီတိုင်း ဖျာပုံမြို့မှာ ဦးမောင်ထင်၊ ဒေါ်ရွှေတို့က မွေးဖွားခဲ့ပါတယ်။ 
၁၉၅၈ ခုနှစ်မှာ ဆယ်တန်းအောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှာ ပညာဆက်လက် သင်ကြားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ ကာတွန်းစိန်ကြီးဟာလည်း ရုပ်ပြလောကမှာ အောင်မြင်ခဲ့သူဖြစ်ပါတယ်။ 
ကလျာ (ဝိဇ္ဇာ/သိပ္ပံ) အမည်နဲ့ စတင်ရေးသား ၀တ္တုကတော့ ရမ္မက်ကြမ္မာ သံသရာ လုံးချင်းဝတ္တုဖြစ်ပြီး၊ စာရေး ဆရာမ ခင်ခင်လေး၊ ခိုင်ယဉ်မွန်၊ ခင်လေးမွန် စသည့်သူများနှင့် ခေတ်ပြိုင် လုံချင်းဝတ္တုများကို ရေးသားခဲ့ပြီး၊ ကလျာ (ဝိဇ္ဇာ/သိပ္ပံ)၏ ၀တ္တုများသည် ဇတ်အိမ်ခိုင်မာပြီး ခရောင်းတောမှ ခရုအိမ်၊ မချမ်းသော မချမ်းဘော၊ ကျိန်စာသင့်သော ၀ိဥာဉ်၊ ကံကော်မြေမှာ စေတဲ့မိုး၊ မြောက်ဦးမှသည် တာချီလိတ်သို့၊ ခေမရဌ် အကျဉ်းစံ စသည့်ဝတ္တုများသည် ထင်ရှားပါတယ်။ 
၁၉၈၅ခုနှစ်မှာ ကလျာမဂ္ဂဇင်းကို တည်ထောင်ခဲ့ပြီးနောက် စာပေလုပ်ငန်းများကို လုပ်ကိုင်ခဲ့သူဖြစ်ပြီး ဆရာမကြီး ရဲ့ ဈာပနကိုတော့ မနက်ဖြန် ဇူလိုင်လ ၃ရက်နေ့ နေ့လည် ၁နာရီမှာ ရေဝေးသုဿာန်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။ 

ဓာတ်ပုံ- ဦးဝင်းငြိမ်း facebook
ဧရာဝတီ 

0 comments:

Post a Comment