(၃၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့သည် ယနေ့ (နိုဝင်ဘာ ၁ ရက်) မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။
ဘန်ကောက်သို့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီကျော်က ရောက်ရှိလာသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လေဆိပ်တွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး ဖြစ်သူက လေဆိပ်တွင်ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။
ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကျင်းပလျက်ရှိသည့် ၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ဘာရိန်း နိုင်ငံခြားရေးဝန်ကြီး ရှိတ်ခါလစ်ဘင်အာမက်သည်လည်း ဘန်ကောက်သို့ နိုဝင်ဘာ ၁ ရက် အစောပိုင်းက ရောက်ရှိခဲ့သည်။
ထို့ပြင် အာဆီယံဒေသတွင်းမှ ခေါင်းဆောင်အချို့သည်လည်း ဘန်ကောက်တွင် နိုဝင်ဘာ ၁ ရက် ညနေပိုင်းတွင် လေကြောင်းခရီးမှ ရောက်ရှိလာကြမည် ဖြစ်သည်။အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာ ၂ ရက်မှ ၄ ရက်ထိကျင်းမည် ဖြစ်သည်။
<zawgyi>
အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ ဘန်ကောက်သို့ရောက်ရှိ
Friday , November 1 , 2019
( ၃၅ )ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့သည် ယနေ့ (နိုဝင်ဘာ ၁ ရက်) မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။
ဘန်ကောက်သို့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီကျော်က ရောက်ရှိလာသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လေဆိပ်တွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး ဖြစ်သူက လေဆိပ်တွင်ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။
ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကျင်းပလျက်ရှိသည့် ၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ဘာရိန်း နိုင်ငံခြားရေးဝန်ကြီး ရှိတ်ခါလစ်ဘင်အာမက်သည်လည်း ဘန်ကောက်သို့ နိုဝင်ဘာ ၁ ရက် အစောပိုင်းက ရောက်ရှိခဲ့သည်။
ထို့ပြင် အာဆီယံဒေသတွင်းမှ ခေါင်းဆောင်အချို့သည်လည်း ဘန်ကောက်တွင် နိုဝင်ဘာ ၁ ရက် ညနေပိုင်းတွင် လေကြောင်းခရီးမှ ရောက်ရှိလာကြမည် ဖြစ်သည်။အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာ ၂ ရက်မှ ၄ ရက်ထိကျင်းမည် ဖြစ်သည်။
0 comments:
Post a Comment