ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် ညောင်ပင်သာမြို့ မြောက်ဘက် ၄ မိုင်ခွဲရှိ ဇဟားကျေးရွာအုပ်စု သံလမ်းဇဟားကျေးရွာအနီး ရန်ကုန် - မန္တလေး ကားလမ်းဟောင်းတွင် နိုဝင်ဘာ ၂ ရက်နေ့ နံနက် ၂ နာရီ ၄၀ မိနစ်အချိန်ခန့်က ၂၂ ဘီးဆီဘောက်ဆာယာဉ် ရှေ့ဘီး ပေါက်ပြီးတိမ်းမှောက်မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှု အချိန်ကြာမြင့်စွာ ဖြစ်ပေါ်ခဲ့ရကြောင်း ညောင်ပင်သာနယ် မြေရဲစခန်းမှ သိရှိရသည်။
ရန်ကုန် မန္တလေး ကားလမ်းဟောင်းအတိုင်း တောင်မှမြောက်သို့ န္တလေးမြို့ ချမ်းမြေ့သာစည်နေ မင်းဇော် ၄၁ နှစ် မမာင်းနှင်ပြီး ရဲထွဋ် ၁၉ နှစ် စက်မှု(၂) မန္တလေးမြို့ နေသူလိုက်ပါလာသည့် NISSAN ၂၂ ဘီး ဆီဘောက်ဆာယာဉ်သည် မိုင်တိုင် ၁၂၃/၆ နှင့် ၇ အကြား အခင်းဖြစ်နေရာအရောက် ရှေ့ဘီးပေါက်ကာ လမ်းအရှေ့ဘက်ရှိ ကုက္ကို ပင်ကိုဝင်တိုက်မိပြီး တိမ်းမှောက်မီ လောင်သွားခဲ့ပြီး ယာဉ်နောက်လိုက် ရဲထွဋ် တွင် ဒါဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရှိရသည်။
ယာဉ်တိမ်း မှောက်မီးလောင်မှုဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့ နှင့် မီးသတ်တပ်ဖွဲ့တို့မှ မီးသတ်ယာဉ် ၆ စီးဖြင့်ငြိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၄၅ မိနစ်အချိန်တွင် မီးလုံး ငြိမ်းသွားခဲ့ကြောင်း သိရှိရသည်။
<<zawgyi>>
ဖြူးတွင် ၂၂ ဘီး ဆီဘောက်ဆာယာဉ် တိမ်းမှောက် မီးလောင်မှုဖြစ်ပွားပြီး ၁ ဦးဒဏ်ရာရရှိခဲ့
Saturday , November 2 , 2019
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် ညောင်ပင်သာမြို့ မြောက်ဘက် ၄ မိုင်ခွဲရှိ ဇဟားကျေးရွာအုပ်စု သံလမ်းဇဟားကျေးရွာအနီး ရန်ကုန် - မန္တလေး ကားလမ်းဟောင်းတွင် နိုဝင်ဘာ ၂ ရက်နေ့ နံနက် ၂ နာရီ ၄၀ မိနစ်အချိန်ခန့်က ၂၂ ဘီးဆီဘောက်ဆာယာဉ် ရှေ့ဘီး ပေါက်ပြီးတိမ်းမှောက်မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှု အချိန်ကြာမြင့်စွာ ဖြစ်ပေါ်ခဲ့ရကြောင်း ညောင်ပင်သာနယ် မြေရဲစခန်းမှ သိရှိရသည်။
ရန်ကုန် မန္တလေး ကားလမ်းဟောင်းအတိုင်း တောင်မှမြောက်သို့ န္တလေးမြို့ ချမ်းမြေ့သာစည်နေ မင်းဇော် ၄၁ နှစ် မမာင်းနှင်ပြီး ရဲထွဋ် ၁၉ နှစ် စက်မှု(၂) မန္တလေးမြို့ နေသူလိုက်ပါလာသည့် NISSAN ၂၂ ဘီး ဆီဘောက်ဆာယာဉ်သည် မိုင်တိုင် ၁၂၃/၆ နှင့် ၇ အကြား အခင်းဖြစ်နေရာအရောက် ရှေ့ဘီးပေါက်ကာ လမ်းအရှေ့ဘက်ရှိ ကုက္ကို ပင်ကိုဝင်တိုက်မိပြီး တိမ်းမှောက်မီ လောင်သွားခဲ့ပြီး ယာဉ်နောက်လိုက် ရဲထွဋ် တွင် ဒါဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရှိရသည်။
ယာဉ်တိမ်း မှောက်မီးလောင်မှုဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့ နှင့် မီးသတ်တပ်ဖွဲ့တို့မှ မီးသတ်ယာဉ် ၆ စီးဖြင့်ငြိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၄၅ မိနစ်အချိန်တွင် မီးလုံး ငြိမ်းသွားခဲ့ကြောင်း သိရှိရသည်။
0 comments:
Post a Comment