Tuesday, November 19, 2019

ပညာရေးတက္ကသိုလ်/ကောလိပ် ကျောင်းသားသမဂ္ဂများမှ အခြေခံပညာဦးစီးဌာနရှိ ညွှန်ချုပ်ကိုအရေးယူပေးရန် တောင်းဆို

Image may contain: 1 person, sitting and standing

အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းသည် အကြီးအကဲတစ်ဦးအနေဖြင့် မပြောသင့်သောစကားများကို ပြောဆိုခဲ့ကြောင့် အရေးယူပေးရန် ပညာရေးတက္ကသိုလ်၊ ပညာရေး ကောလိပ်ကျောင်းသားသမဂ္ဂများက တောင်းဆိုလိုက်သည်။

ဦးကိုလေးဝင်းသည် ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများနှင့် ကျောင်းသား/ ကျောင်းသူ များအပေါ်နားလည်မှုလွဲစေရန် အခြေခံပညာကျောင်းအုပ်ကြီးများရှေ့တွင် တစ်ဖက်သတ်စွပ်စွဲခြင်း၊ ဌာနအကြီးအကဲတစ်ယောက်အနေဖြင့် ဌာနဝန်ထမ်းများအပေါ် မူဝါဒအရအကာအကွယ်မပေးခြင်း၊ စော်ကားမှုများကို လျစ်လျူရှုခြင်းနှင့် မသန်စွမ်းသူများအပေါ် လူသိရှင်ကြားခွဲခြား ဆက်ဆံသော စကားပြောဆိုခြင်းတို့ကို ပြုလုပ်ခဲ့သည့်အတွက် သက်ဆိုင်သူများကိုတောင်းပန်ရန်နှင့်အစိုးရ တာဝန် ရှိသူများ အနေဖြင့် အရေးယူဆောင်ရွက်ပေးရန် ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီတို့က ၎င်းတို့၏သဘောထားကြေညာချက်ကို နိုဝင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
<<Zawgyi>>

0 comments:

Post a Comment