Tuesday, November 19, 2019

ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ အိန္ဒိယဖိတ်ခေါ်ပွဲ သက်ထားသူဇာနွှဲမည်

ဓာတ်ပုံ- သက်ထားသူဇာဖေ့စ်ဘွတ်ခ်
မြန်မာ့လက်ရွေးစင်ကြက်တောင်မယ် သက်ထားသူဇာသည် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ ဖိတ်ခေါ်ကြက်တောင်ပြိုင်ပွဲနှစ်ပွဲ ယှဉ်ပြိုင်ရန်အတွက် အိမ်ရှင်အဖြစ်ကျင်းပမည့် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည်။

သက်ထားသူဇာသည် နိုဝင်ဘာ ၂၀ရက်မှ ၂၄ ရက်အထိ ကျင်းပမည့် အိန္ဒိယဖိတ်ခေါ် ကြက်တောင်ပြိုင်ပွဲနှင့် နိုဝင်ဘာ ၂၆ရက်မှ ဒီဇင်ဘာ၁ရက်အထိကျင်းပမည့် အိန္ဒိယစူပါစီးရီး ၃၀၀ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အဆိုပါဖိတ်ခေါ်ပြိုင်ပွဲနှစ်ပွဲမယှဉ်ပြိုင်ခင် သက်ထားသူဇာသည် မလေးရှားနိုင်ငံ၌ နှစ်ပတ်ကျော်ကြာနေထိုင်လေ့ကျင့်ခဲ့ပြီး နိုဝင်ဘာ ၁၈ရက်က ပြိုင်ပွဲယှဉ်ပြိုင်ရန်အတွက် မလေးရှားမှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ ထွက်ခွာခဲ့သည်။သက်ထားသူဇာသည် အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲ အဖွင့်ပွဲ၌ အိန္ဒိယကြက်တောင်မယ် အီရာရှာမာနှင့် တွေ့ဆုံနေပြီး အိန္ဒိယစူပါစီးရီး၌ တောင်ကိုရီးယားကြက်တောင်မယ် ဂျင်ဆမ်ယူနှင့် ထိပ်တိုက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲတွင် ဆုကြေးငွေ စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၅၀၀၀ ချီးမြှင့်မည်ဖြစ်ပြီး စူပါစီးရီး ၃၀၀ပြိုင်ပွဲမှာဆုကြေးငွေစုစုပေါင်း ဒေါ်လာ ၁၅၀,ဝဝဝ အထိချီးမြှင့်မည် ဖြစ်သည်။ အဆိုပါပြိုင်ပွဲနှစ်ရပ်အနက် အိန္ဒိယစူပါစီးရီး ၃၀၀ ပြိုင်ပွဲမှာ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်မှ Grade 2သတ်မှတ်ထားသောပြိုင်ပွဲဖြစ်၍ ကမ္ဘာ့အဆင့် ၁၀၀ အတွင်းရှိ ကစားသမားများဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။







သက်ထားသူဇာသည် အိန္ဒိယဖိတ်ေခါ်ပြိဳင်ပွဲ ယွဉ်ပြိဳင်ပြီးပါက ဆီးဂိမ်းပြိဳင်ပွဲသို႔ဝင်ေရာက်ယွဉ်ပြိဳင်မည်ဖြစ်သည်။ ၂၀၂၀တိုႀကိဳအိုလံပစ်ပြိဳင်ပႊဝင်ခွင်႕အတွက် ရမွတ်ျမားစုေဆာင်းလၾက်ရွိေသာ သက်ထားသူဇာသည် လက်ရွိကမ္ဘာ့အဆင်႕ ၆၅၌ ရပ်တည်နေသည်။


0 comments:

Post a Comment