Tuesday, November 19, 2019

မွန်ဂိုလီးယားအသင်းကို အနိုင်ကစားခဲ့သော မြန်မာ့လက်ရွေးစင်အသင်းအားကျပ်သိန်း ၅၀၀ ဂုဏ်ပြု ချီးမြှင့်

Image may contain: 11 people, stadium, text and outdoorImage may contain: 1 person
ယနေ့ နိုဝင်ဘာလ ၁၉ ရက် ညနေပိုင်းက မွန်ဂိုလီးယားအသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့သော ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ
အိမ်ကွင်းပွဲ၌ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သောမြန်မာ့လက်ရွေးစင်အသင်းကို ကျပ်သိန်း ၅၀၀ ဂုဏ်ပြု ချီးမြင့်ခဲ့သည်။

အဆိုပါပွဲစဉ်တွင် မြန်မာအသင်းသည် လှိုင်းဘိုဘို၏တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီးပွဲအပြီး၌ မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကကျပ်သိန်း ၃၀၀ နှင့် မြန်မာနေရှင်နယ်လိဂ် အသင်းပိုင်ရှင်များကကျပ်သိန်း ၂၀၀ စုစုပေါင်း ကျပ်သိန်း ၅၀၀ ဆုချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာလ ၁၄ရက်ကတာဂျစ်ကစ္စတန်အသင်းကို ၄-၃ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲ၌လည်းဧရာဝတီဘဏ်၏ ကျပ်သိန်း ၇၀၀ ဆုချီးမြှင့်ခြင်းကို ရရှိခဲ့ကြောင်းသိရသည်။
Image may contain: 1 person, text and outdoor
Image may contain: 1 person, playing a sport and outdoor
Image may contain: one or more people, people playing sports, stadium and outdoor
Image may contain: one or more people and crowd
Image may contain: 73 people, people smiling, text
Image may contain: 3 people, people smiling, people playing sports and outdoor

<<Zawgyi>>
မွန်ဂိုလီးယားအသင်းကို အနိုင်ကစားခဲ့သော မြန်မာ့လက်ရွေးစင်အသင်းအားကျပ်သိန်း ၅၀၀ ဂုဏ်ပြု ချီးမြှင့်


ယနေ့ နိုဝင်ဘာလ ၁၉ ရက် ညနေပိုင်းက မွန်ဂိုလီးယားအသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့သော ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ
အိမ်ကွင်းပွဲ၌ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သောမြန်မာ့လက်ရွေးစင်အသင်းကို ကျပ်သိန်း ၅၀၀ ဂုဏ်ပြု ချီးမြင့်ခဲ့သည်။

အဆိုပါပွဲစဉ်တွင် မြန်မာအသင်းသည် လှိုင်းဘိုဘို၏တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး
ပွဲအပြီး၌ မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကကျပ်သိန်း ၃၀၀ နှင့် မြန်မာနေရှင်နယ်လိဂ် အသင်းပိုင်ရှင်များကကျပ်သိန်း ၂၀၀ စုစုပေါင်း ကျပ်သိန်း ၅၀၀ ဆုချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာလ ၁၄ရက်ကတာဂျစ်ကစ္စတန်အသင်းကို ၄-၃ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲ၌လည်းဧရာဝတီဘဏ်၏ ကျပ်သိန်း ၇၀၀ ဆုချီးမြှင့်ခြင်းကို ရရှိခဲ့ကြောင်းသိရသည်။

0 comments:

Post a Comment