အမေရိကန်ပြည်ထောင်စုရဲ့အမျိုးသားလုံခြုံရေးကိုထိခိုက်နိုင်တယ်ဆိုတဲ့နည်းပညာလုပ်ငန်းတွေအတွက် စည်းကမ်းတွေပုံသွင်းဖို့လုပ်နေတဲ့အမေရိကန်အစိုးရဟာ တနင်္လာနေ့မှာ ဟွာဝေးနည်းပညာကုမ္ပဏီရဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းတွေနဲ့တွဲဖက်လုပ်ကိုင်ခွင့်လိူင်စင်ကို ရက် ၉၀ ထပ်ပြီးသက်တမ်းတိုးပေးလိုက်ပါတယ်။
အမျိုးသားလုံခြုံရေးအကြောင်းပြချက်နဲ့ မေမှာ ဟွာဝေးကို စီးပွားရေးအမည်ပျက်စာရင်းထည့်သွင်းခဲ့ပြီးတဲ့နောက် အမေရိကန်ကျေးလက်ဒေသတွေမှာလုပ်ငန်းလည်ပတ်တဲ့ဟွာဝေးဖောက်သည်တွေရဲ့ကွန်ရက်တွေရှုပ်ထွေးနိုင်တာလျှော့ချဖို့ရည်ရွယ်တယ်လို့ပြောပြီး အမေရိကန်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမေရိကန်လုပ်ပစ္စည်းတွေဝယ်ယူခွင့် ရက် ၉၀ စီသက်တမ်းတိုးပေးခဲ့တာပါ။
အခုတစ်ကြိမ်အတွက်တော့ နှစ်ပတ်ပဲသက်တမ်းတိုးပေးဖို့ အစောပိုင်းမှာစီစဉ်ထားပေမဲ့ အုပ်ချုပ်ရေးယန္တရားကိစ္စတချို့ရှိလာခဲ့တဲ့နောက် နောက်ထပ်ရက် ၉၀ သက်တမ်းတိုးပေးဖို့ရွေးချယ်ခဲ့တာပါ။
"ယာယီအထွေထွေလိုင်စင်သက်တမ်းတိုးပေးတာက အမေရိကန်ပြည်ထောင်စုရဲ့လူနေနည်းတဲ့နေရာတွေကဒေသခံတွေကို ဆက်သွယ်ရေးကုမ္ပဏီတွေဝန်ဆောင်မှုထပ်ပေးနိုင်ဖို့ပါ။ မဟုတ်ရင် အဲဒီနေရာတွေအမှောင်ကျနေပါလိမ့်မယ်။"လို့ အမေရိကန်စီးကူးဝန်ကြီး ဝေဘာ ရော့စ်ကပြောပါတယ်။
သက်တမ်းတိုးပေးလိုက်ပေမဲ့လည်း ဟွာဝေးရဲ့စီးပွားရေးလုပ်ငန်းတွေကို သိသိသာသာသက်ရောက်မှုတွေရှိမှာမဟုတ်ဘဲနဲ့ မမျှတတဲ့နည်းလမ်းတွေနဲ့ဆက်ဆံခံနေရတုန်းပဲဆိုတာဖော်ပြနေတုန်းလို့ ဟွာဝေးကထုတ်ပြန်ပါတယ်။
"ဟွာဝေးကိုစီးပွားရေးအမည်ပျက်စာရင်းသွင်းတာက ကုမ္ပဏီကိုထက် အမေရိကန်ကိုပိုထိခိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် ဟွာဝေးနဲ့အလုပ်လုပ်နေတဲ့အမေရိကန်ကုမ္ပဏီတွေမှာ စီးပွားရေးအထိအခိုက်သိသိသာသာရှိနေပါတယ်။"လို့လည်းပြောပါတယ်။
တောင်းဆိုမှုအခု ၂၀၀ လောက်ရှိနေလို့ ကုမ္ပဏီတစ်ခုချင်းစီအလိုက် ဟွာဝေးကိုပစ္စည်းတွေရောင်းချခွင့်ပြုမလားဆိုတာလည်း စီးကူးဝန်ကြီးဌာနကစဉ်းစားနေပါတယ်။
ဒါပေမဲ့ တနင်္လာနေ့မှာတော့ တစုံတရာမထုတ်ပြန်ပါဘူး။
Source-Reuters
ဟွာဝေးကို အမေရိကန်အစိုးရက လိုင်စင်သက်တမ်းရက် ၉၀ တိုးမြှင့်ခွင့်ပြု

0 comments:
Post a Comment