အခုသီတင်းပတ်အတွင်း အမေရိကန်စစ်သင်္ဘောနှစ်စင်းဟာ တရုတ်နိုင်ငံက ၎င်းတို့ရေပြင်ပိုင် နက်အဖြစ် ကြေညာထားတဲ့ တောင်တရုတ်ပင်လယ်ထဲ ဖြတ်သန်းသွားလာခဲ့ပါတယ်။
အခုလို ဖြတ်သန်းသွားလာတဲ့နေရာဟာ တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းနဲ့ ထိုင်ဝမ်နိုင်ငံ တို့ကြား ရေပြင်ပိုင်နက်အငြင်းပွားမှုဖြစ်ပေါ်နေရာလည်းဖြစ်ပါတယ်။
USS Gabrielle Giffords တိုက်ရေယာဉ်နဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ USS Wayne E.Meyer ပဲ့ထိန်း မစ်ဇိုင်းတပ်ဖျက် သင်္ဘောနဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့တွေမှာ တောင်တရုတ်ပင်လယ်ထဲက တရုတ်နိုင်ငံနဲ့ ရေပြင်ပိုင်နက်အငြင်း ပွားနေရာတွေကို ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။
တရုတ်ရေတပ်သင်္ဘောတွေဟာ အမေရိကန်စစ်သင်္ဘောတွေကို လိုက်လံစောင့်ကြည့်ခဲ့ပြီး ထွက် ခွာဖို့ သတိ ပေးခဲ့ပါတယ်။
ဒါ့အပြင် အခုလုပ်ရပ်ဟာ အမေရိကန်နိုင်ငံရဲ့ ရန်လိုတဲ့အပြုအမူဖြစ်တယ်လို့လည်း တရုတ်က စွပ်စွဲခဲ့ပါတယ်။
Ref;AFP
<zawgyi>
တောင်တရုတ်ပင်လယ်တွင်း အမေရိကန်စစ်သင်္ဘောများဖြတ်သန်းမှု တရုတ် ဝေဖန်
Friday , November 22 ,2019
အခုသီတင်းပတ်အတွင်း အမေရိကန်စစ်သင်္ဘောနှစ်စင်းဟာ တရုတ်နိုင်ငံက ၎င်းတို့ရေပြင်ပိုင် နက်အဖြစ် ကြေညာထားတဲ့ တောင်တရုတ်ပင်လယ်ထဲ ဖြတ်သန်းသွားလာခဲ့ပါတယ်။
အခုလို ဖြတ်သန်းသွားလာတဲ့နေရာဟာ တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းနဲ့ ထိုင်ဝမ်နိုင်ငံ တို့ကြား ရေပြင်ပိုင်နက်အငြင်းပွားမှုဖြစ်ပေါ်နေရာလည်းဖြစ်ပါတယ်။
USS Gabrielle Giffords တိုက်ရေယာဉ်နဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ USS Wayne E.Meyer ပဲ့ထိန်း မစ်ဇိုင်းတပ်ဖျက် သင်္ဘောနဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့တွေမှာ တောင်တရုတ်ပင်လယ်ထဲက တရုတ်နိုင်ငံနဲ့ ရေပြင်ပိုင်နက်အငြင်း ပွားနေရာတွေကို ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။
တရုတ်ရေတပ်သင်္ဘောတွေဟာ အမေရိကန်စစ်သင်္ဘောတွေကို လိုက်လံစောင့်ကြည့်ခဲ့ပြီး ထွက် ခွာဖို့ သတိ ပေးခဲ့ပါတယ်။
ဒါ့အပြင် အခုလုပ်ရပ်ဟာ အမေရိကန်နိုင်ငံရဲ့ ရန်လိုတဲ့အပြုအမူဖြစ်တယ်လို့လည်း တရုတ်က စွပ်စွဲခဲ့ပါတယ်။
Ref;AFP
0 comments:
Post a Comment