ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်၌ ကျပ်သိန်း တစ်သောင်းခန့်တန်ဖိုးရှိ ကတ်တမင်းများ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၃၁ ရက် (၁၀) နာရီအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (၂၇) လွိုင်လင်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကွန်ဟိန်းမြို့နယ်၊ ကာကော် တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးမှု ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်နေစဉ် ကာလိမြို့ဘက်မှ မိုင်းပျဉ်းမြို့ဘက်သို့ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းကျေးရွာအုပ်စု၊ ပါချီးကျေးရွာနေ စိုင်းထွန်းအေး ၅၀ နှစ် စီးနင်းမောင်းနှင်လာသော မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော လ္ဘက်ခြောက် အိတ်ခွံများဖြင့်ထည့်ထားသည့် ကတ်တမင်းအလေးချိန် ၁၀၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၀၀၀ သိန်း)၊ မြန်မာငွေ ၃၈၄၀၀၀ ကျပ်၊ ထိုင်းဘတ်ငွေ ၅၅၂၀ ဘတ်နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
လက်ရှိအချိန်၌ကာလိနယ်မြေရဲစခန်းတွင်မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိသည်။
<zawgyi>
ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်တွင် ကျပ်သိန်း တစ်သောင်းခန့် တန်ဖိုးရှိ ကတ်တမင်းများ ဖမ်းဆီးရမိ
Friday , November 1 , 2019
ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်၌ ကျပ်သိန်း တစ်သောင်းခန့်တန်ဖိုးရှိ ကတ်တမင်းများ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၃၁ ရက် (၁၀) နာရီအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (၂၇) လွိုင်လင်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကွန်ဟိန်းမြို့နယ်၊ ကာကော် တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးမှု ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်နေစဉ် ကာလိမြို့ဘက်မှ မိုင်းပျဉ်းမြို့ဘက်သို့ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းကျေးရွာအုပ်စု၊ ပါချီးကျေးရွာနေ စိုင်းထွန်းအေး ၅၀ နှစ် စီးနင်းမောင်းနှင်လာသော မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော လ္ဘက်ခြောက် အိတ်ခွံများဖြင့်ထည့်ထားသည့် ကတ်တမင်းအလေးချိန် ၁၀၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၀၀၀ သိန်း)၊ မြန်မာငွေ ၃၈၄၀၀၀ ကျပ်၊ ထိုင်းဘတ်ငွေ ၅၅၂၀ ဘတ်နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
လက်ရှိအချိန်၌ကာလိနယ်မြေရဲစခန်းတွင်မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိသည်။
0 comments:
Post a Comment