မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ပေါ်တွင် ၂၀၁၉ နိုဝင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းက ပျံကျစျေးသည်များ ရှင်းလင်းရာမှ ကျိူက်ထီးရိုး ဂေါပက စည်းကမ်းထိန်းသိန်းရေး ဝန်ထမ်းများ ၁၀ ဦးထက်မနည်း ပျံကျ စျေးသည်များ၏ ပြန်လည် ရိုက်နှက်ခြင်း ခံရကြောင်း သတင်းရရှိသည်။
ပျံကျစျေးသည်တွေကို မုဆိုးတောင်ဘက်မှ နေရာချပေးထားတယ်။ တချို့ပဲရောင်းတယ်။ အများစုက ရင်ပြင်တော် ပေါ်မှာပဲ တက်ရောင်းကြတယ်။ ခရီးသွားများတဲ့ ရာသီတွေဆို ရင်ပြင်တော်ပေါ် စျေးသည်တွေ ရောင်းချနေတာ ဘယ်လိုမှ ကြည့်မကောင်းပါဘူး။ ဒါကိုလည်း ဂေါပကက အမျိုးမျိုး အကြိမ်ကြိမ် အဆင်ပြေအောင် ညှိနှိုင်းပေးခဲ့ပါတယ်။ ဒီနေ့မနက် နိုဝင်ဘာ ၄ ရက်နေ့မှ ကျိုက်ထိုဟိုတယ်ရှေ့ ရင်ပြင်တော် အတက်လမ်းတစ်လျှောက်ကို စည်းကမ်းထိန်းသိမ်းရေးက ဝင်ရှင်းတာမှ မကျေနပ်တဲ့ စျေးသည်တွေက သူတို့ ပစ္စည်းတွေကို ထိလို့၊ ကိုင်တွယ်လို့၊ ဖမ်းလို့ ပြန်လည် ခုခံ ရိုက်နှက်ကြကြောင်း သိရှိရသည်။
စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့က ဝန်ထမ်းတွေ ငါးဦးထက်မနည်း ဒဏ်ရာရတယ်လို့ သိထားတယ်။ မကြာခင် အမှုတည်ဆောက်ပြီး ရဲစခန်းမှာ တိုင်ချက်ဖွင့်မှာပါ။ ဘုရားဖူးများပြားချိန်တွင် ပျံကျစျေးသည်များ ရင်ပြင်တော်ပေါ်တွင် ရောင်းချနေသော မြင်ကွင်းများကို ဘုရားဖူးများက လူမှုကွန်ရက်ပေါ် ဓါတ်ပုံရိုက်တင်ကြရာတွင်လည်း ဂေါပကအဖွဲ့ကို စည်းကမ်းထိန်းသိမ်းဖို့ မှတ်ချက်ပေးရေးသားသူများ အများအပြားရှိခဲ့သည်။ ၂၀၁၈ ခုနှစ်အတွင်း ကလည်း ပျံကျစျေးသည်များမှ ဗီယက်နမ်သံရုံးမှ သံအရာရှိတစ်ဦးကို ရိုက်နှက်ခဲ့သဖြင့် သံအရာရှိ ခေါင်းကွဲသွားသည့်ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပြီး ဝေါမြို့မှ ကြက်ကြော်၊ ငုံးဥကြော် ရောင်းချသူ အချင်းချင်း ရန်ဖြစ်ကြရာမှ ဓါးထိုးမှု တစ်ခုလည်း ဖြစ်ပွားခဲ့သည်။
<zawgyi>
ကျိုက်ထီးရိုးတောင်ပေါ်တွင် ပျံကျစျေးသည်ရှင်းလင်းရာမှ စေတီတော် စည်းကမ်းထိန်းသိန်းရေးဝန်ထမ်းများ အရိုက်ခံရ
Monday , November 4 , 2019

0 comments:
Post a Comment