မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင်ကျင်းပသည့် အရှေ့တောင်အာရှ Dota 2 ပြိုင်ပွဲများထဲမှ အကြီးဆုံးပြိုင်ပွဲတစ်ခုဖြစ်သည့် “World Electronic Sports Games 2019 Southeast Asia” ၌ မြန်မာနိုင်ငံကိုယ်စားပြုအသင်း Team Cyanide (Myanmar) က တတိယနေရာကို ရယူနိုင်ခဲ့သည်။
ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံကိုယ်စားပြု Dota 2 အသင်းများ ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်ကာ ၅ သင်း ၂ အုပ်စုခွဲပြီး Group State ယှဉ်ပြိုင်ပြီးမှ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ကို Bo 3 ယှဉ်ပြိုင်ကစားကြခြင်းဖြစ်သည်။
ကမ္ဘာ့အဆင့် နံပါတ် ၂ ရှိသည့် International အသင်းကြီးတစ်ခုဖြစ်သော TNC Predator (ဖိလစ်ပိုင်) နှင့် ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သော်လည်း Aggressive Slayer (လာအို) ကို ၂ : ၁ ရလဒ်ဖြင့် တတိယဆုကို ထိုက်တန်စွာ ရယူပေးနိုင်ခဲ့သည်။
ပထမဆု ဖိလစ်ပိုင်မှ TNC ၊ ဒုတိယဆုကို ဗီယက်နမ်မှ 496 Gaming ၊ မြန်မာနိုင်ငံမှ Team Cyanide က တတိယဆု အသီးသီးရရှိခဲ့ကြောင်း သိရှိရသည်။
<zawgyi>
မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင်ကျင်းပသည့် အရှေ့တောင်အာရှ Dota 2 ပြိုင်ပွဲတွင် မြန်မာအသင်း တတိယဆု ဆွတ်ခူး
Monday , November 4 , 2019
မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင်ကျင်းပသည့် အရှေ့တောင်အာရှ Dota 2 ပြိုင်ပွဲများထဲမှ အကြီးဆုံးပြိုင်ပွဲတစ်ခုဖြစ်သည့် “World Electronic Sports Games 2019 Southeast Asia” ၌ မြန်မာနိုင်ငံကိုယ်စားပြုအသင်း Team Cyanide (Myanmar) က တတိယနေရာကို ရယူနိုင်ခဲ့သည်။
ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံကိုယ်စားပြု Dota 2 အသင်းများ ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်ကာ ၅ သင်း ၂ အုပ်စုခွဲပြီး Group State ယှဉ်ပြိုင်ပြီးမှ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ကို Bo 3 ယှဉ်ပြိုင်ကစားကြခြင်းဖြစ်သည်။
ကမ္ဘာ့အဆင့် နံပါတ် ၂ ရှိသည့် International အသင်းကြီးတစ်ခုဖြစ်သော TNC Predator (ဖိလစ်ပိုင်) နှင့် ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သော်လည်း Aggressive Slayer (လာအို) ကို ၂ : ၁ ရလဒ်ဖြင့် တတိယဆုကို ထိုက်တန်စွာ ရယူပေးနိုင်ခဲ့သည်။
ပထမဆု ဖိလစ်ပိုင်မှ TNC ၊ ဒုတိယဆုကို ဗီယက်နမ်မှ 496 Gaming ၊ မြန်မာနိုင်ငံမှ Team Cyanide က တတိယဆု အသီးသီးရရှိခဲ့ကြောင်း သိရှိရသည်။
0 comments:
Post a Comment