
AAအကြမ်းဖက်အဖွဲ့ ဖမ်းဆီးသွားသည်မှာ ရက်သတ္တပတ် ၃ပတ်ကျာ်ကြာမြင့်နေပြီဖြစ်သော ပလက်မြို့စည်ပင်သာယာရေးကော်မတီဝင် ဦးမြင့်မောင်နှင့် မြို့ခံနှစ်ဦးတို့၏ သတင်းအား ယခုအချိန်ထိ အစအနပင်မသိရသေးကြောင်းချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင် သာယာရေး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဦးစိုးထက်က ပြောကြားသည်။
ဝန်ကြီးဦးစိုးထက်က "မလွတ်သေးဘူး။ အဆက်အသွယ်လည်းမရဘူး။ ဘယ်ကိုခေါ်သွားမှန်းလည်းမသိဘူး။ မိသားစုနဲ့လည်း အဆက်အသွယ်မရဘူး။ အဲဒိလိုဖြစ်နေတယ်။ ကျွန်တော်တို့လည်း သတင်းစုံစမ်းကြည့်တာ သူ့ တို့သတင်း အခုအချိန်အထိတော့ မသိရသေးဘူး" ဟု ဆိုသည်။
ဧပြီလ ၁၂ ရက်နေ့က လက်နက်ကိုင်ဆောင်ထားသည့် AAအကြမ်းဖက်အဖွဲ့တပ်ဖွဲ့ဝင် ၁၀ ဦးခန့်သည် ပလက်ဝမြို့ မြို့မရပ်ကွက်တွင်နေထိုင်သည့် စည်ပင်သာယာရေးကော် မတီဝင်ဦးမြင့်မောင်အား ၎င်း၏နေအိမ်သို့လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။
စည်ပင်သာယာရေးကော်မတီဝင် ဦးမြင့်မောင်ကဲ့သို့ ပင် ပလက်ဝမြို့ခံနှစ်ဦးဖြစ်သည့် ဦးအောင်ပနှင့် ဦးလင်းဗန်တို့သည်လည်း ဧပြီလ ၁၀ ရက်နေ့က AAအကြမ်းဖက်အဖွဲ့၏ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ၎င်းတို့၏သတင်းကိုလည်း ယခုအချိန်ထိ မသိရှိရသေးကြောင်း ဝန်ကြီးက ပြောကြားသည်။
" သူတို့နှစ်ယောက်လည်း အဆက်အသွယ်မရဘူး။ သူတို့က ဝါးခုတ်ဖို့ဆိုပြီးတော့ အရှေ့ကမ်းကနေ အနောက်ဘက်ကမ်းကိုကူးတာ။ အဲဒီမှာလည်း သူတို့ကို ခေါ်သွားတာ။ အခုအထိ အဆက်အသွယ်မရဘူး"ဟု ၎င်းက ဆိုသည်။
AAအကြမ်းဖက်အဖွဲ့သည် ပလက်ဝနှင့် လေးမြို့ချောင်းဘက်မှဒေသခံ ၁၅ ဦးထက်မနည်းကိုလည်း ဖမ်းဆီးခေါ်ဆောင်ထားပြီး ယခုအချိန်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးကြောင်းကို ဝန်ကြီးဦးစိုးထက်က ဆက် လက် ပြောကြားသည်။
ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC)မှ ဦးစောမြကလည်စည်ပင်သာယာရေး ကော်မတီဝင်အပါအဝင် ဧပြီလအတွင်းက AAအကြမ်းဖက်အဖွဲ့၏ဖမ်းဆီးခြင်းကိုခံထားရသည့် ပလက်ဝမြို့ခံ ၃ဦး၏ သတင်းကို ယခုအချိန်ထိ မသိရှိသေးကြောင်း ပြောကြားသည်။
ဦးစောမြက "'နောက် ခက်တာက အခုက မြို့ပတ်ပတ်လည်တောင်ကြောတွေနားမှာ တိုက်ပွဲဖြစ်နေတော့ လေ။ နောက်ပြီးတော့ မြို့ထဲကလူတွေလည်း အပြင်မထွက်ရ။ အပြင်ကလူတွေလည်း မြို့ကိုမသွားရဆိုတော့ ကျွန်တော်တို့မှာတော်တော် ဒုက္ခရောက် တယ်" ဟု ဆိုသည်။
ပလက်ဝဒေသ၌ မနေ့က (မေလ ၁၂ရက်)အထိတိုက်ပွဲများဖြစ်ပွားနေကြောင်းကို ချင်းပြည်နယ်အစိုးရ အဖွဲ့၏ပြောရေ းဆိုခွင့်ရှိသူကလည်း အတည်ပြုသည်။
ဝန်းကြီဦးစိုးထက်က "တိုက်ပွဲကလည်း ဆက်တိုက်ဖြစ်နေသေးတယ်။ မနေ့အထိကိုက ပြင်းပြင်းထန်ထန် နဲ့ဖြစ်နေတုန်းပဲ။ ပလက်ဝအထက်ဘက်ရော၊ အနောက်ဘက်မှာရော၊ တိုက်ပွဲကတော့ရှိနေတုန်းပါပဲ" ဟု ဆိုသည်။



Ref ; The Ladies News






0 comments:
Post a Comment