Friday, May 22, 2020

တိုက်ပွဲဖြစ်ပွားစဉ် ဒဏ်ရာရလူနာများနှင့် သေဆုံးသူများအားထမ်းပို့ဆောင်ရန် AA အဖွဲ့မှ ဖမ်းခေါ် သွားသောချင်းလူမျိုးများပြန်လည်ထွက်ပြေးလွတ်မြောက်လာ

တိုက်ပွဲဖြစ်ပွားစဉ် ဒဏ်ရာရလူနားများနှင့် သေဆုံးသူများအားထမ်းရန် AA အဖွဲ့မှ ဖမ်းခေါ် သွားသောချင်းလူမျိုးများပြန်လည်ထွက်ပြေးလွတ်မြောက်လာကြောင်း အလယ်ကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူးမှ အတည်ပြုပြောကြားသည်။
ဧပြီလ ၁၂ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်အုပ်စု၊ အလယ်ကျွန်း ကျေးရွာတွင် AA အဖွဲ့များ ယာယီခြေကုပ်ယူထားသော နေရာအား တပ်မတော်စစ်ကြောင်းများမှ တိုက်ခိုက်ရှင်းလင်းရာ တပ်မ တော်ဘက်မှ လူ/ လက်နက် အင်အားသာလွန်စွာဖြင့် တိုက်ခိုက် ခဲ့သောကြောင့် AA အဖွဲ့များဒဏ်ရာရ သေ ဆုံးမှုများစွာဖြင့် ပြန်လည်ဆု်ခွာ သွားခဲ့ကြသည်။ ထိုသို့ပြန်လည်ဆုတ်ခွာစဉ် လူနားများနှင့် အလောင်းများထမ်းရန် ဒါးလက်ချောင်းအုပ်စု အလယ်ကျွန်းမှ ကျောင်းဆရာတစ်ဦးအပါအဝင် လူငယ်၂၁ ဦးကို AA အဖွဲ့မှ ခေါ်ဆောင် သွားခဲ့ရာမှ ယခုအခါ ကျောင်းဆရာအပါအဝင် (၈)ဦး ပြန်လည်ထွက်ပြေး လွတ်မြောက်လာပြီ ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးမှ “ဧပြီလ ၁၂ ရက်နေ့တိုက်ပွဲပြီးတည်းက တပ်ကရွာမှာ လုံခြုံရေးယူထားတာရှိတယ်၊ AA အဖွဲ့က သူတို့ ပြန်ဆုတ်သွားတဲ့အချိန် လူနာတွေထမ်းဖို့ ခေါ်သွားရင်း ကနေ အခုပြန်လည်ထွက်ပြေးလွတ်မြောက်လာတာ၊ သူတို့ပြောတာကတော့ AA အဖွဲ့တွေတောထဲမှာ လူကွဲသွားပြီး အင်အားနည်းနေတဲ့အချိန်ထွက်ပြေးလာတာလိုပြောတယ်၊ တောထဲမှ (၅)ရက်လောက် ထမင်းမကျွေးပဲပစ်ထားတာကြောင့် သူတို့တွေ တော်တော်လေးဒုက္ခ ရောက်ခဲ့ကြတယ်၊ ကိုယ့်လူမျိုးတွေရဲ့ပညာရေးကို တိုးတက်အောင်လာလုပ်ပေးနေတဲ့ ကျောင်းဆရာတွေကိုဖမ်းတာတွေကတော့ မလုပ်သင့်ဘူးလို့ မြင်တယ်” ဟု ပြောသည်။
အဆိုပါ ဧပြီလ ၁၂ ရက်နေ့ ည ၈ နာရီ အချိန်ခန့်က AA အဖွဲ့များမှ ပြန်လည်ဆုတ်ခွာစဉ် ရွာထဲအား လက် နက်ကြီးပစ်ထည့်ခဲ့သဖြင့် အရပ်သား ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိသွား ခဲ့ကြောင်း ၎င်းမှ ဆက်ပြော သည်။
ပြန်လွှတ်ပေးလိုက်သည့် ဒါးလက်အနောက်ရွာမှ ကျောင်းဆရာ ဦးထွန်းခင် အပါအဝင် လူ (၈)ဦးသည် ချင်းတိုင်းရင်းသားများဖြစ်ကြပြီး ယခုအခါ ၎င်းတို့ရွာတွင် ပြန်လည်နေထိုင်နေပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
Ref ; May Yu Nadi

0 comments:

Post a Comment