Friday, May 22, 2020

ရေဝင်နစ်မြှပ်သွားသော ဝိုင်အက်ဖ်စီကုမ္ပဏီပိုင် ချယ်ရီ(၇၃၃)ငါးဖမ်းရေယာဉ်အားတပ်မတော်(ရေ) မှ ကယ်ဆယ်ရေးလုပ်ငန်းများဝိုင်းဝန်းကူညီပေး

လှေသား ၁၆ဦးလိုက်ပါလာသောဝိုင်အက်ဖ်စီကုမ္ပဏီပိုင် ချယ်ရီ(၇၃၃)ငါးဖမ်းရေယာဉ်သည် ရန်ကုန်မြစ်ဝရှိသောင်ခုံကျေးရွာအရှေ့တောင်ဖက် ၄ မိုင်ခန့်အကွာ နှင့် Lower Spit အနောက်တောင်ဖက် ၁.၈ မိုင်အကွာရေပြင်တွင် မေလ ၂၂ ရက် နံနက် ၀၀၃၀ အချိန်ခန့်၌ ရုတ်တရက် လှိုင်းလေကြီး၍ သောင်တင်ကာရေဝင်နစ်မြုပ်သွားခဲ့။
သတင်းရလျင်ရခြင်းအနီးရှိတပ်မတော် (ရေ) စစ်ရေယာဉ်မှ သွားရောက်၍ ရေဝင်နစ်မြှပ်လျက်ရှိသောငါးဖမ်းလှေမှ ဆယ်ယူရရှိသည့် လှေသား ၁၃ ဦးအား ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးကာ အစားအသောက်များထောက်ပံ့ပေးခဲ့ကြောင်းနှင့်ပျောက်ဆုံးနေသောလှေသား၃ ဦးအားပြန်လည် ရှာဖွေရေးအားဒေသခံများနှင့်ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသတင်းရရှိပါသည်။
Source - Mg Moe

0 comments:

Post a Comment