Tuesday, May 19, 2020

AA အကြမ်းဖက်သောင်းကျန်းသူများက ရာအိမ်မှူးတာဝန်ထမ်းဆောင်နေသူများအပါအဝင် ၅ ဦးကို အ ကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်

Image may contain: text

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ခဘော်ကျေးရွာနှင့် မာလာကျေးရွာ(မြို)တို့မှ ရာအိမ်မှူးတာဝန်ထမ်းဆောင်သူများအပါအဝင် ၅ ဦးကို AA အကြမ်းဖက်သောင်းကျန်းသူများက မေ ၁၈ ရက် နေ့လယ်ပိုင်းတွင် အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားသည်။

ဖြစ်စဉ်မှာ ကျောက်တော်မြို့နယ်၊ ခဘော်ကျေးရွာမှ ရာအိမ်မှူးတာဝန်ထမ်းဆောင်သူ ဦးပန်းသာ နှင့် ဦးဝေသာအောင်နှင့် မာလာကျေးရွာ(မြို)မှ ရာအိမ်မှူး တာဝန်ထမ်းဆောင်သူ ဦးမောင်ဟန်သိန်းအပါအဝင် အမျိုး သား ၈ ဦိး အမျိုးသမီး ၄ ဦး ၄ ဦးတို့သည် ကျောက်တော်မြို့၌ Covid-19 ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး နိုင်ငံတော်ကထောက်ပံ့ပေးသည့် ထောက်ပံ့ ပစ္စည်းများယူဆောင်ရန်နှင့် လိုအပ်သောဈေးပစ္စည်းများဝယ်ယူရန်အတွက် မာလာကျေးရွာ မှ ကျောက်တော်မြို့သို့ မေ ၁၈ ရက် နံနက်ပိုင်းတွင် ထွက်ခွာလာခဲ့ကြောင်း၊ ကျောက်တော် မြို့မဈေးတွင် ဈေးဖြန့်ခွဲဝယ်ယူလျက်ရှိစဉ် နေ့လယ် ၁၂ နာရီခန့်တွင် ဦးပန်းသာနှင့် ဦးမောင်သာဝင်း ၂ ဦးတို့ကို ကစ္ဆပသီရိလမ်းနေရာ၌ အရပ်ဝတ်များဝတ်ဆင်ထားသော AA အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့ ၁၀ ဦးခန့်ကလည်းကောင်း၊ နေ့လယ် ၁၂ နာရီခွဲ ခန့်တွင် ဦးမောင်ဟန်သိန်း၊ ဦးဝေသာအောင်နှင့် ဦးအောင်စော ၃ ဦးတို့ကို ဈေး၏ မြောက်ဘက်၊ မင်းစောမွန်လမ်းရှိ ဆေးဆိုင်အနီး၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ၁၀ ဦးခန့်ကလည်းကောင်း အကြောင်းမဲ့ဖမ်းဆီးချုပ်နှောင်၍ ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း၊ ဦးမောင်သိန်းထွန်း ၁ ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသည်။
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့အား ထောက်ခံအားပေးမှုမရှိ သည့် ကျေးရွာသူ၊ ကျေးရွာသားများ၊ ဌာနဆိုင်ရာဝန်ထမ်းများကို အကြောင်းမဲ့ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ဒေသခံများအကျိုးအတွက် COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ပြုလုပ်ပေးလျက် ရှိသည့် ဆေးအဖွဲ့များနှင့် လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည့် တပ်ဖွဲ့ဝင်များကိုလည်း မေလ ၁၁ ရက်တွင် ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီး၌ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။ ယခုထပ်မံ၍ COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး နိုင်ငံတော်က ထောက်ပံ့ပေးသည့် ထောက်ပံ့ပစ္စည်းများ သွားရောက်ယူဆောင်သည့် ကျေးရွာရာအိမ်မှူး များကိုလည်း အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဒေသခံပြည်သူများ၏ အကျိုး ဆောင်ရွက်ချက်များကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

0 comments:

Post a Comment