Tuesday, May 19, 2020

မြန်မာ မူးယစ် တိုက်ဖျက်ရေးအား ကုလ ချီးကျူးပြီ

Image may contain: sky, mountain, cloud, outdoor, water and nature
ဖင်တာနဲလ် ဆေးရည်များနှင့် မက်ဆေးပြားများ အလုံးအရင်း နှင့် စံချိန်တင်အောင် မြန်မာရဲအဖွဲ့ မှ သိမ်း ဆည်းနိုင်ခဲ့မှုသည် အအောင်မြင်ဆုံး စစ်ဆင်ရေးတခု အဖြစ် ကုလသမဂ္ဂ မူးယစ် နှင့် ရာဇဝတ်မှုများ ရုံး UNODC မှ ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်အတွင်း ဖေဖေါ်ဝါရီ ၂၀ မှ ဧပြီ ၉ ရက်နေ့အတွင်း စစ်ဆင်ရေးများတွင် မီသိုင်း ဖင်တာနဲလ် ဆေးရည် ၃,၇၄၈.၅ လီတာ၊ မီသမ်ဖာတမင်း ဆေးပြား ၁၉၃.၅ သန်း၊ မီသမ်ဖာတမင်း ပုံဆောင်ခဲ
ကီလို ၅၀၀ ကျော်၊ ဘိန်းဖြူ ၂၉၂ ကီလိုနှင့်ဘိန်း၊ မော်ဖင်း၊ အီဖီဒရင်းနှင့် အခြားဆက်စပ် ဓါတုဆေးရည်များ သိမ်းဆည်းရမိခဲ့ပါတယ်။ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားစုစုပေါင်း ၃၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။

တန်ဖိုးအားဖြင့် ဒေသပေါက်စျေးအရပင် ဒေါ်လာ သန်း ၂၀၀ ခန့် တန်ကြေးရှိပြီး အမေရိကန် လမ်းမများပေါ်တွင် အဆပေါင်းများစွာရှိနိုင်ပါတယ်။ ဖင်တာနဲလ်သည် လွန်စွာအန္တရာယ်များပြီး ဘိန်းဖြူထက် အဆ ၅၀၊ မော်ဖင်းထက် အဆ၁၀၀ ခန့် ပြင်းအား ရှိတယ်လို့ သိရပါတယ်။

ယခု ရှာဖွေတွေ့ရှိခဲ့ခြင်းများသည် ကုလသမဂ္ဂရုံး၏ ခန့်မှန်းတွက်ချက်မှုများတွင် ပါဝင်ခဲ့ခြင်း မရှိသဖြင့် တအံ့တသြ ဖြစ်ခဲ့ကြပြီး ထိုမျှများပြားသော ပမာဏကို ကြည့်ခြင်းဖြင့် ရွှေတြိဂံ ဒေသသည် ကမ္ဘာမူးယစ်ဆေး ဝါးထုတ်လုပ်ဖြန့်ဖြူးရာ ဗဟိုချက်မကြီး ဖြစ်လာနေပြီလို့ ဆိုပါတယ်၊ ထိုမျှလောက် လုပ်ငန်းကြီးအား နိုင်ငံ တကာရှိ အဓိကမူးယစ်ဂိုဏ်းများ၏ ငွေကြေး အထောက်အပံ့ မပါဘဲ မည်သို့မျှ လုပ်ကိုင်နိုင်ခြင်း ရှိမည် မဟုတ်ဟု ကုလဒေသ ကိုယ်စားလှယ် ဂျယ်ရယ်မီ ဒေါက်ဂလပ်စ် က ပြောခဲ့ပါတယ်။

မူးယစ်ဆေးဝါး အလွဲသုံးမှု ထိမ်းချုပ်ရေးကော်မတီ ၏ ရဲတပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှုးကြီး ဇော်လင်းက နိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါး လုပ်ငန်းများ နိဂုံးချုပ်ရန် နီးကပ်လာနေပြီ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ မှ အထူးစိုရိမ်မကင်း ဖြစ်လာနေသည်က အမေရိကန်တွင် ၂၀၁၇ အတွင်းလူပေါင်း ၇၀,၀၀၀ ကျော် သေဆုံးခဲ့ရသည့်အိုပီအွိုက် ခေါ် အကိုက်အခဲပျောက် ဆေးများထုတ်လုပ်ဖြန့်ဖြူးလာမယ့် အရေးပဲ ဖြစ်ပါတယ်။ အိုပီအွိုက်အား ဖင်တာနဲလ် ဆေးရည်မှ ချက်လုပ်နိုင်တဲ့ အတွက် ယခု ဖမ်းဆီးရခဲ့မှု အပေါ် အထူး စိုးရိမ်မကင်း ဖြစ်လာခဲ့ကြပါတယ်။

အိုပီအွိုက်သည် သွေးကြောများမှတဆင့် ဦးနှောက် ထဲရှိ ဆဲလ်များထံ ရောက်ရှိသွားပြီးနာကျင်မှု ကို ထုံသွားစေမယ့် ခံစားမှုတွေ ပြန်လည် စေလွှတ်ပေးပြီး သာယာမှုကို ပေးစွမ်းနိုင်ပါတယ်။ အလွန်အကျွံ သုံးစွဲပါက အသက်ရှုနှုန်းနဲ့ နှလုံးခုံနှုန်းကို နှေးကွေးစေပြီး သေဆုံးနိုင်ပါတယ်။

ဒေသအတွင်း ကိုဗစ်-၁၉ ကြောင့် ဆက်စပ်ပစ္စည်း စျေးနှုန်းများ ကျဆင်းလာမှု နှင့် အာဏာပိုင်များ အလုပ် များနေတာကို အခွင့်ကောင်းယူပြီး အလုံးအရင်းနဲ့ ထုတ်လုပ်လာခဲ့ခြင်း ဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။

ဓါတုနည်းဖြင့် ဖေါ်စပ်နိုင်ရန် လိုအပ်တဲ့ ဆက်စပ်ပစ္စည်းများကို တရုတ်မှ ထုတ်လုပ်ပေးနေတယ်လို့ မူးယစ်ဆေးဝါး ဆိုင်ရာ ကျွမ်းကျင်သူများက ယုံကြည်နေကြပါတယ်၊ ထိုကဲ့သို့ဖင်တာနဲလ် အိုပီအွိုက်များ တရားမဝင် တင်သွင်းနေမှုများအား နှိမ်နှင်းပေးရန် ဒေါ်နယ်ထရန့် မှ ၂၀၁၈ ဗြူနိုအေရိစ် G20 အစည်းအဝေးမှ တရုတ်သမ္မတကို တောင်းဆိုခဲ့ဖူးပါတယ်။

မနှစျက တရုတျ အစိုးရမှ ဖငျတာနဲလျအားတားမွစျကုနျပစ်စည်း အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ထိုကဲ့သို့ တရုတ်ပြည်တွင်း နှိမ်နှင်းလာမှုကြောင့် ဥပဒေ ဖရိုဖရဲ နှင့် အစိုးရ ထိန်းချုပ်နိုင်မှု အကန့်အသတ် နှင့်သာ ရှိနေသည့်ရှမ်းပြည်နယ် အတွင်း ဝင်ရောက်လာကြခြင်းဖြစ်တယ်လို့ ဒေါက်ဂလပ်စ် က သုံးသပ်ပါတယ်။
Ref ; The New York Times/Deutsche Wells / Hla Soewai

0 comments:

Post a Comment