
ဖားကန့်ကျောက်စိမ်းတွင်းဒေသရဲ့မြို့ဂုဏ်အင်္ဂါနှင့်လိုက်ဖက်အောင် ဖားကန့်မြို့ဝင်ဆိုင်းဘုတ်တွင်ထားရှိမည့်ကျောက်စိမ်းအရိုင်းတုံး( အမဲကြော)အလေးချိန်တစ်တန်ခန့်ကို လုံးခင်းအုပ်စု မဇွတ်ယန်ကျေးရွာနေ ဦးသိန်းဌေး၏ လှူဒါန်းမှုဖြင့် မြို့အဝင်ဆိုင်းဘုတ်တွင် ထားရှိသွားမည်ဖြစ်ကြောင်း သိရပါသည်။
ယခင်က အဆိုပါ မြို့အဝင်နေရာတွင် ကျောက်စိမ်းအတုကြီးအလှဆင်ထားကြောင်း သိရှိရပါသည်။
အလှူရှင်ဦးသိန်းဌေးအားအထူးပင်ကျေးဇူးဥပကာရ တင်ရှိပါကြောင်းဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။


Source- Tintsoe'Fb #Myanmar_Online_News






0 comments:
Post a Comment