
COVID-19 ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကို တာဆီးရန်အတွက် အသွားလာပိတ်ဆို့ထားတဲ့ သီတင်း ခုနှစ်ပတ်ကို ပြန်လည်ဖြေလျော့ခြင်း ပထမအဆင့် အနေနဲ့ အလုပ်သွားခြင်းနဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းတွေကို မေ ၁၃ ရက်ကစပြီး အင်္ဂလန်မှာ ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ဒုတိယအများဆုံးနိုင်ငံမှာ စိုးရိမ်မှုတွေရှိနေပေမယ့် တစိတ်တဒေသ ဖြေလျော့ခြင်းကို စတင်တာဘဲဖြစ်ပါတယ်။
ဗြိတိန်အစိုးရရဲ့ ထုတ်ပြန်ချက်အရ လူအိုတွေမှာ သေဆုံးသူများ မပါဝင်ဘဲ ဗိုင်းရပ်စ်ပိုးကြောင့်သေဆုံး ၃၂,၀၀၀ ဦးရှိကြောင်း ပြေပေမယ့် အမျိုးသားစာရင်းဆိုင်ရာရုံးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ သေဆုံးသူဟာ ၃၆,၀၀၀ ကျော်ရှိနေကြောင်း သိရပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က အိမ်ကနေ အလုပ်လုပ်ရန်အဆင်မပြေသူများကို ကျန်းမာရေးအတွက် ပြဌာန်းထားတဲ့ စည်းကမ်းချက်တွေ ပါရှိတဲ့ လုပ်ငန်းခွင်ပြန်ဝင်ရန် ဆော်ဩခဲ့ပါတယ်။ အဲဒီအမိန့်ဟာ စကော့တလန်၊ ဝေးလ် နဲ့ မြောက်အိုင်ယာလန် နိုင်ငံတွေအတွက် အကျုံးမဝင်ကြောင်း သိရပါတယ်။
သယ်ယူပို့ဆောင်ရေးဝန်းကြီးက လုပ်ငန်းခွင်ကို သွားတဲ့အခါ ဖြစ်နိုင်ရင် လမ်းလျှောက်သွားခြင်းနဲ့ စက်ဘီးစီးသွားခြင်းတို့ပြုလုပ်ရန်၊ အများသုံးယာဉ်တွေမှာ လူများများအသုံးမပြုရန် အကြံပြုထားပါတယ်။
ဒါပေမယ့်မယ် လန်ဒန်မြို့မှာ ကားလမ်းတွေပြည့်ကျပ်နေပြီး မှာ အများသုံးယာဉ်တွေပေါ်မှာလည်း လိုက်ပါစီးနှင်းသူအရေအတွက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ရဲ့ ဗုဒ္ဓဟူးနေ့ကထက် ၈.၇ ရာခိုင်နှုန်း ပိုများလာကြောင်း လန်ဒန်သယ်ယူပို့ဆောင်ရေးဌာနက ပြောပါတယ်။
စကော့တလန်၊ ဝေးလ်နဲ့ မြောက်အိုင်ယာလန် မှာတော့ လူတွေကို အိမ်မှာဆက်နေထိုင်ဖို့ ပြောဆိုထားပါတယ်။


Source : AFP
Crd : MDN






0 comments:
Post a Comment