Wednesday, May 20, 2020

ပြင်သစ်မှာ ကျောင်းပြန်တက်ခွင့်ပြုပြီး တစ်ပတ်အကြာ ကျောင်းတွေကနေ ကိုဗစ် ၁၉ ကူးစက်သူ ၇၀ တွေ့ရှိ ပညာရေးဝန်ကြီး ပြော

Image may contain: 1 person, sitting
ပြင်သစ်မှာ ကျောင်းတွေပြန်ဖွင့်ပြီး သီတင်းတစ်ပတ်အကြာမှာ ကျောင်းတွေကနေ ကိုဗစ် ၁၉ ကူးစက်ခံရသူ ၇၀ ခန့်တွေ့ရှိခဲ့တယ်လို့ ပြင်သစ် ပညာရေးဝန်ကြီးက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
ပြင်သစ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု outbreak ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မတ်လ ၁၇ ရက်နေ့ကတည်းက အခြေခံပညာကျောင်းများနှင့် အဆင့်မြင့်ပညာကျောင်းများအားလုံး ပိတ်ထားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်အစိုးရဟာ နှစ်လခန့် ကျောင်းတွေကို ပိတ်ထားရာကနေ ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး ဆိုင်တွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့သလို မူကြိုကျောင်းတွေအပါအဝင် အလယ်တန်းကျောင်းအများစုကို ပြန်တက်ခွင့် ပြုခဲ့တာဖြစ်ပါတယ်။

France24 သတင်းဌာနရဲ့ ဖော်ပြချက်အရ မူကြိုကျောင်းမှ ကလေးငယ် ၁၀ ဦးနဲ့ အခြားအတန်းတွေက ကျောင်းသား ၁၅ ဦးထိ ကိုဗစ် ၁၉ ကူးစက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ပြင်သစ်ကျန်းမာရေးဝန်ကြီး Jean-Michel Blanquer က ပြင်သစ်ရေဒီယို RTL ကို ပြောကြားရာမှာ ပြီးခဲ့တဲ့သီတင်းတစ်ပတ်အတွင်း ကျောင်းတွေပြန်ဖွင့်ပြီးနောက်ပိုင်း ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသူသစ် ၇၀ တွေ့ရှိခဲ့ကြောင်းနဲ့ ဒါဟာ ‌ရှောင်လွဲလို့အရတဲ့ ကိစ္စသာဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမယ့် ကူးစက်သူအားလုံးဟာ ကျောင်းပြင်ပမှာ ကူးစက်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

၎င်းကဆက်လက်ပြောကြားရာမှာ ကလေးငယ် ၁ ဒသမ ၄ သန်းခန့် ကျောင်းတက်နေချိန်မှာ ၇၀ လောက်ကူးစက်မှုဖြစ်တယ်ဆိုတာ သိပ်ပြီးများပြားတဲ့ ပမာဏတော့မဟုတ်ဘူးလို့လည်း ၎င်းကပြောပါတယ်။ ဒါပေမယ့် ကူးစက်မှုဖြစ်ပွားခဲ့တဲ့ ကျောင်းတွေကိုတော့ ချက်ချင်းပိတ်ခိုင်းခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
crd-Myanmar Harp #Myanmar_Online_News

>>zawgyi<<

0 comments:

Post a Comment