Wednesday, May 20, 2020

ဘရာဇီးက အမေဇုံဌာနေတိုင်းရင်းသားတွေအကြား COVID-19 အလျှင်အမြန် ကူးစက်နေ၍ လူနာတွေကို လေယာဉ်တွေနဲ့ သယ်ထုတ်

Image may contain: one or more people and flower

ဘရာဇီးလ်နိုင်ငံ အမေဇုံသစ်တော ဒေသတွင်းနေထိုင်တဲ့ ဌာနေတိုင်းရင်းသားတွေကြား ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပြန့်နှံ့မှု အတော် မြန်နေတာကြောင့် အခုဆို ရောဂါ အကူး စက်ခံနေရတဲ့ အသည်းအသန်လူနာတွေကို လေယာဉ်တွေနဲ့ သယ်ထုတ်ပေးနေရပါတယ်။

ဘရာဇီးလ်နိုင်ငံ Manaus ဒေသမှာနေထိုင်တဲ့ ဒါဇင်နဲ့ချီတဲ့ လူမျိုးစုတွေကြား ဒီ COVID-19 ကူးစက်ခံရသူ ၅၄၀ နဲ့ အများဆုံးဖြစ်နေတယ်လို့ ဘရာဇီးလ် နိုင်ငံထဲက ဌာနေတိုင်းရင်းသား အရေးလုပ်ဆောင်နေတဲ့ အဓိကအဖွဲ့ကြီးဖြစ်တဲ့ APIB အဖွဲ့က ပြောပါတယ်။
ဝေးလံခေါင်ဖျား အမေဇုံသစ်တောထဲက လူနာတွေကို လေယာဉ် ၂ စင်းနဲ့ နေ့စဉ် သွားရောက် သယ်ထုတ်ပေးနေရတယ်လို့ ဆရာဝန် Daniel Siqueira က တနင်္လာနေ့က ပြောပါတယ်။ တစင်းက ရိုးရိုးလူနာအတွက်၊ နောက်တစင်းက COVID-19 လူနာတွေအတွက်ဖြစ်ပြီး COVID-19 လူနာက သယ်ထုတ်ပေးရသူတွေ အားလုံးရဲ့ ၆၀ % ရှိနေတာပါ။
ဘရာဇီးလ်အစိုးရရဲ့ ဌာနေတိုင်းရင်းသား ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း Sesai ရဲ့ အစီရင်ခံစာအရ တနင်္လာနေ့ အထိ COVID-19 နဲ့သေဆုံးရတဲ့ ဌာနေတိုင်းရင်းသား အနည်းဆုံး ၂၃ ဦး ရှိပြီလို့ ဖေါ်ပြထားပါတယ်။ သေဆုံးသူတွေဟာ ဘရာဇီးလ်နိုင်ငံမြောက်ပိုင်း ကိုလံဘီယာနဲ့ ပီရုးနိုင်ငံတွေရဲ့ နယ်စပ် အမေဇုံမြစ်ကြောင်း တလျှောက် ဝေးလံခေါင်ဖျား အရပ်တွေမှာ နေထိုင်သူတွေ ဖြစ်ပါတယ်။
ဘရာဇီးလ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါအကူးစက်ခံရသူက ၂၅၅,၀၀၀ ကျော်နဲ့ သေဆုံးရသူပေါင်းက ၁၆,၈၅၆ ကျော်နေပါပြီ။
Ref-ဗွီအိုအေ #Myanmar_Online_News

>>zawgyi<<

0 comments:

Post a Comment