Saturday, May 2, 2020

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသား ၁၉၅ ဦးအား ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

Image may contain: one or more people, people standing and indoor

COVID-19 ကူးစက်ရောဂါအခြေအနေအရ နိုင်ငံတကာခရီးသည် တင်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားသဖြင့် ဂျပန်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေကြရသည့် မြန်မာနိုင်ငံသား ၁၉၅ ဦးအား ပထမအသုတ်အဖြစ် ၂-၅-၂၀၂၀ ရက်နေ့၊ ၁၃:၁၅ နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရပါသည်။

၎င်းတို့အား ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ မြန်မာသံရုံး၊ တိုကျိုမြို့နှင့် ဂျပန်နိုင်ငံအစိုးရတို့အကြား ညှိနှိုင်းမှုများပြုလုပ်ပေးခဲ့ရာ ၎င်းတို့သည် All Nippon Airways (ANA) လေကြောင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါမြန်မာနိုင်ငံသား ၁၉၅ ဦး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးစိစစ်ခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် သတ်မှတ် ချက်များနှင့်အညီ ၎င်းတို့ဆန္ဒ အလျောက် သီးခြားသတ်မှတ် ပေးထားသည့်နေရာ သို့မဟုတ် သတ်မှတ် ဟိုတယ်များ၌ ၂၁ ရက်တာ အသွားအလာကန့်သတ် နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Image may contain: one or more people and people standing
crd-Ministry of Foreign Affairs Myanmar #Myanmar_Online_News

>>zawgyi<<
ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသား ၁၉၅ ဦးအား ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ
Saturday, May 2, 2020

COVID-19 ကူးစက်ရောဂါအခြေအနေအရ နိုင်ငံတကာခရီးသည် တင်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားသဖြင့် ဂျပန်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေကြရသည့် မြန်မာ နိုင်ငံသား ၁၉၅ ဦးအား ပထမ အသုတ်အဖြစ် ၂-၅-၂၀၂၀ ရက်နေ့၊ ၁၃:၁၅ နာရီအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရပါသည်။
၎င်းတို့အား ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ မြန်မာသံရုံး၊ တိုကျိုမြို့နှင့် ဂျပန်နိုင်ငံအစိုးရတို့အကြား ညှိနှိုင်းမှုများပြုလုပ်ပေးခဲ့ရာ ၎င်းတို့သည် All Nippon Airways (ANA) လေကြောင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါမြန်မာနိုင်ငံသား ၁၉၅ ဦး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးစိစစ်ခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် သတ်မှတ် ချက်များနှင့်အညီ ၎င်းတို့ဆန္ဒ အလျောက် သီးခြားသတ်မှတ် ပေးထားသည့်နေရာ သို့မဟုတ် သတ်မှတ် ဟိုတယ်များ၌ ၂၁ ရက်တာ အသွားအလာကန့်သတ် နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
crd-Ministry of Foreign Affairs Myanmar #Myanmar_Online_News

0 comments:

Post a Comment