Friday, May 22, 2020

"တပ်မတော်ကို ခင်ဗျားပြောချင်တာ ဂျီနီဗာကွန်ဗန်းရှင်းကို မလိုက်နာဘူးလို့ ပြောချင်တာလား” ဗိုလ်ချုပ်ဇော် မင်းထွန်း(တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

ယနေ့ နေပြည်တော်၌ တပ်မတော်မှ COVID-19 ၌ ထောက်ပံ့မှုအခြေအနေများကို သတင်းစာရှင်းလင်းမှု ပြုလုပ်ခဲ့ပါတယ်။ အဆိုပါသတင်းစာရှင်းလင်းပွဲ၌ တက်ရောက်လာသည့် သတင်းထောက်တစ်ဦးက ရခိုင်စစ်ရေးပဋိပက္ခအတွင်း၌ တပ်မတော်က ဂျီနီဗာကွန်ဗန်းရှင်းကို လိုက်နာရန် ဘာတွေအခက်အခဲရှိလည်းလို့ မေးမြန်းခဲ့ပါတယ်။
အဆိုပါမေးမြန်းမှုအပေါ် တပ်မတော်၏ ရှင်းလင်းချက်အပြည့်အစုံကို ဖော်ပြပေးလိုက်ပါတယ်။
မေး – ရခိုင်စစ်ရေးပဋိပက္ခအတွင်းမှာ တပ်မတော်က ဂျီနီဗာကွန်ဗန်းရှင်းတို့ဘာတို့ကို လိုက်နာဖို့အတွက် ဘာတွေများအခက်အခဲရှိနေလဲမသိဘူး?
ဖြေ – တပ်မတော်ကို ခင်ဗျားပြောချင်တာက ဂျီနီဗာကွန်ဗန်းရှင်းကို မလိုက်နာဘူးလို့ ခင်ဗျားပြောချင်တာလား။ ခင်ဗျားမေးတဲ့ပုံစံက အဲ့ပုံစံကြီးဖြစ်နေတယ်။ ဒီကိစ္စဖြစ်ရတာသည် တပ်မတော်သားတိုင်းမှာ လိုက်နာရမယ့် ကျင့်ဝတ်တွေ ထုတ်ပြန်ပြီးဖြစ်တယ်။ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ကျွန်တော်တို့ထုတ်ပြန်ပြီး ဖြစ်တယ်။ အရင်တုန်းက တပ်မတော်အတွင်းမှာ မှန်တယ်၊ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး လာပြီးသင် ကြား ပို့ချပေးတဲ့ သင်ခန်းစားမရှိဘူး။ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကနေပြီး ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သင်ခန်းစာတွေ ပို့ချလျက်ရှိတယ်။ စစ်ဥပဒေချုပ်ရုံးနဲ့ တိုင်းမှာရှိတဲ့ စစ်ဥပဒေဌာနကနေပြီးတော့ အနည်း ဆုံး တစ်လကိုတစ်ကြိမ် တပ်ရင်းတစ်ရင်းကို ရောက်အောင်သွားပြီးတော့ ဒါနဲ့ပတ်သက်ပြီး စစ်သည်တွေ သိအောင်၊ နားလည်အောင်၊ လိုက်နာမှုရှိအောင် အားလုံးအဆင့်အတန်းတွေသိအောင် ဆွေးနွေးမှုတွေ၊ ပညာပေးမှုတွေ ဆောင်ရွက်လျက်ရှိတယ်။ နိုင်ငံတကာဥပဒေနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ လုပ်ထုံး လုပ်နည်းတွေ ကိုပါ ကျွမ်းကျင်မှုရှိအောင်၊ နားလည်မှုရှိအောင် လိုက်နာမှုရှိအောင် ဆောင်ရွက်လျက်ရှိတယ်လို့ ပြောချင်တယ်။
Ref ; PeopleMedia

0 comments:

Post a Comment