Friday, May 22, 2020

‘ဝ’ဒေသသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လာရောက်ရန် UWSA ဥက္ကဋ္ဌ ဖိတ်ကြား

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး ဦးဆောင်သည့်အဖွဲ့ ‘ဝ’လက်နက်ကိုင်အဖွဲ့ (UWSA)ဌာနချုပ်တည်ရှိရာ ပန်ဆန်းမြို့သို့ရောက်ရှိစဉ် UWSA ဥက္ကဋ္ဌဦးပေါက်ယူချန်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အား ‘ဝ’ဒေသသို့ လာရောက်ရန် ဖိတ်ခေါ်ခဲ့ကြောင်း တပ်မ တော်က သတင်းထုတ်ပြန်သည်။
တိုင်းမှူး ဗိုလ်ချုပ်အောင် ဇော်အေးနှင့်အဖွဲ့သည် မေလ ၁၉ ရက်က ပန်ဆန်းမြို့သို့ သွား ရောက်ပြီး UWSA အား COVID-19 ရောဂါကာကွယ်ထိန်း ချုပ်ကုသရေးအထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့စဉ် ‘ဝ’အဖွဲ့က တပ်မတော်ခေါင်း ဆောင်ကို ၎င်းတို့ ဒေသသို့လာရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
ယင်းနှင့် ပတ်သက်ပြီး UWSA ပြောရေးဆိုခွင့်ရှိသူ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် တိုင်းမှူးဘဝက ‘ဝ’ဒေသသို့ လာရောက်ဖူးသော်လည်း တပ်မ တော်ကာကွယ်ရေးဦးစီး ချုပ် ဖြစ် ချိန်တွင် မလာဖူးသေးကြောင်း၊ အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များ ‘ဝ’ဒေသသို့ လာရောက်စေချင်ကြောင်း ပြော သည်။
‘‘ဒေါ်အောင်ဆန်းစုကြည် လာဖို့လည်း ကျွန်တော်တို့ မျှော်လင့်တယ်။ တပ်ချုပ်ကြီးလည်းလာဖို့ ကျွန်တော်တို့ မျှော်လင့် တာပေါ့’’ဟု ဦးညီရန်းက ပြောသည်။ ထိုသို့ လာရောက်ပါက ငြိမ်းချမ်းရေး ကိစ္စအပါအဝင် အ ဘက်ဘက်တွင် အထောက်အကူ ဖြစ်စေမည်ဟု ၎င်းက ဆိုသည်။
ထိုသို့ ဖိတ်ကြားမှုနှင့်ပတ် သက်ပြီး တပ်မတော်ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း အား မေးမြန်းရာ ဖိတ်ကြားသည့်အပိုင်းနှင့်ပတ်သက်ပြီး မဖြေနိုင် သော်လည်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အနေ ဖြင့် COVID -19 နှင့်ပတ်သက်ပြီး တပ်မ တော်လုပ်ကိုင်နိုင်သမျှ လုပ်မည် ဟု ပြောဆိုထားပြီးဖြစ်ကြောင်း မှတ်ချက်ပြုသည်။
‘‘ဒီဟာသည် အမျိုးသားရေး နိုင်ငံ့အရေးဖြစ်တဲ့အတွက် ပူး ပေါင်းဆောင်ရွက်လျက်ရှိပါ တယ်’’ ဟု ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် မကြာသေးမီကပင် UWSA နှင့် မိုင်းလားအဖွဲ့(NDAA) ခေါင်းဆောင်များကို ကျိုင်းတုံမြို့ ၌ သီးခြားစီတွေ့ဆုံခဲ့သည်။
ထိုစဉ်ကလည်း COVID-19 နှင့် ပတ်သက်သည့် အကြောင်း အရာများကို ဆွေးနွေးခဲ့ကြောင်း နှင့် ရောဂါကာကွယ်ရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
ယခု တိုင်းမှူးဗိုလ်ချုပ်အောင်ဇော်အေး၏ ပန်ဆန်းခရီး စဉ်တွင် UWSA ဒုဥက္ကဋ္ဌ ဦး လျှောက်မင်လျံဦးဆောင် သည့် အဖွဲ့နှင့် တွေ့ဆုံကာ COVID -19 ကာကွယ်ရေးဆိုင်ရာပစ္စည်း များ ပေးအပ်ခဲ့သည်။
ထိုသို့ ပေးအပ်ကူညီသဖြင့် ကျေးဇူးတင်ကြောင်းနှင့် တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်အ နေဖြင့် အား လပ်သင့်လျော်သည့် အချိန်တွင် ‘ဝ’ဒေသသို့ လာ ရောက် လမ်းညွှန်မှုပြုနိုင်ပါရန် ဖိတ်ခေါ်ကြောင်း UWSA ဥက္ကဋ္ဌ ဦးပေါက်ယူချန်းက ကျေးဇူးတင် လွှာပေးအပ်ခဲ့သည်ဟု ဆိုသည်။
တပ်မတော်အနေဖြင့် UWSA အဖွဲ့သို့ COVID-19 ရောဂါကာ ကွယ်ထိန်းချုပ်ကုသရေး အ ထောက်အကူပြုပစ္စည်းများဖြစ် သည့် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း ၄၀,၀၀၀ ခု၊N 95 Mask ၂,၀၀၀ ခု၊ Face Shield (မျက်နှာဖုံး)၅၀၀ ခု၊ Bleaching Powder ၁၀ ပုံး၊ Personal Protective Equipment (ရောဂါကာကွယ် ရေးဝတ် စုံ) ၁,၀၀၀ စုံ၊ လက်သန့်ဆေး ရည်ဘူးများကို ပေးအပ်လှူဒါန်းခဲ့သည်ဟု သတင်းထုတ်ပြန်ထား သည်။
Ref ; 7Day

0 comments:

Post a Comment