Friday, May 22, 2020

ဒေါက်တာလဲ့လဲ့မော်အား စုစု ပေါင်းထောင်ဒဏ်အနှစ်၃၀ချမှတ်ပြီး စတုတ္ထအမှုမှ မိသားစုပိုင်သည့် သရက်ချောင်းနေအိမ်ကို ပြည်သူ့ဘဏ္ဍာသိမ်းယူ

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသည့်တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ကို ထောင်ဒဏ်အနှစ် ၃၀ ချမှတ်လိုက်ကြောင်း သိရှိရသည်။
ပထမအမှုမှာ လမ်းဦးစီးသို့ဘဏ္ဍာငွေ တစ်လုံးတစ်ခဲတည်းချပေးမှုနှင့် ခြံစည်းရိုးကာရံမှု၊ ဒုတိယအမှုမှာ လေယာဉ် ကွင်းခြုံရှင်းသည့်အမှုနှင့် တတိယအမှုမှာ GGS သဘာဝဓာတ်ငွေ့ကြေးကိစ္စတို့ဖြစ်သည်။
စတုတ္ထအမှုမှာဒေါက်တာလဲ့ လဲ့မော်မိသားစုပိုင်သည့် အိမ်နှင့်မြေကို GGS ကုမ္ပဏီသို့ရောင်းချခဲ့ပြီးနောက် အဆိုပါကုမ္ပဏီကို ဆောက်လုပ်ရေးလုပ်ငန်းများ ချပေးခဲ့သည်ဆိုကာ စွပ်စွဲခံထားရသည့် အမှုဖြစ်သည်။
ယင်းအမှုများ အတွက်ပထမအမှုနှင့်ဒုတိယအမှုကို ထောင် ဒဏ် ၁၀နှစ် စီ သီးခြားစီကျခံရန် အမိန့်ချမှတ်ခဲ့ပြီးတတိယ အမှုနှင့်စတုတ္ထအမှုကို ထောင် ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့သော် လည်း တပေါင်းတည်းကျခံရန် တနင်္သာရီတိုင်းဒေသကြီးတရားရုံးက ယနေ့မေလ ၂၂ ရက်နေ့တွင် အမိန့် ချမှတ်လိုက်ခြင်းဖြစ်သည်။
ထို့ကြောင့်အမှုလေးခုပေါင်းအတွက် ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခံခဲ့ရပြီး ချုပ်ရက်များကို ခံစားခွင့်ပြုခဲ့သည်။ ထို့အတူစတုတ္ထအမှုတွင်ပါဝင်သည့် ဒေါက်တာလဲ့လဲ့မော်မိသားစုပိုင်ဆိုင်သည့် သရက်ချောင်းနေအိမ် ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူကြောင်း တရားရုံးကကြေညာခဲ့သည်။
တတိယအမှုတွင်ပါဝင်သော GGS ကုမ္ပဏီမှ တာဝန် ရှိသူနှစ်ဦးကိုလည်း ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ပြီး စတုတ္ထအမှုတွင်ပါဝင်ခဲ့သည့် GGS ကုမ္မဏီမှ တာဝန် ရှိသူတစ်ဦးကိုမူ ထောင်ဒဏ်ငါးနှစ်ချမှတ်ခဲ့ကြောင်းသိရသည်။
Ref ; TheLadiesNews

0 comments:

Post a Comment