Friday, May 22, 2020

မန္တလေးမြို့ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စားသုံးခွင့်ရရှိရန် ကြိုတင် ပြင်ဆင်နေ

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စားသောက်ဆိုင်များ လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုခဲ့သည်။
ယခုအခါတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် လိုက်နာရမည့် ဆောင်ရွက်ချက်များအတိုင်း ပြင်ဆင်ထားသည့် ဆိုင်များအား ဆိုင်ထိုင် စားသုံးခွင့်ရရှိစေရေး ခွင့်ပြုရန် စီစဉ်ထားသောကြောင့် မန္တလေးမြို့ရှိ ဆိုင်များတွင် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေကြပြီဖြစ်ကြောင်း သိရပါသည်။
Ref ; MRTV

0 comments:

Post a Comment