Friday, May 22, 2020

မြဝတီမြို့တွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏မော်တော်ယာဉ်များ တွင်တပ်ဖွဲ့ပိုင် တံဆိပ်များကပ်ထားခြင်းကို ပူးပေါင်းအဖွဲ့မှဖြုတ်သိမ်း

မြဝတီမြို့တွင်မေ ၂၁ ရက်နေ့မွန်းလွဲ ၂း၃ဝ အချိန်ကမြဝတီမြို့ပေါ်နှင့် ကော့ကရိတ် ဘားအံမြို့များသို့ သွားလာနေကြသည့် လက်နက်ကိုင်တပ်ဖွဲ့များ ေမော်တော်ယာဉ်များ၌တပ်ဖွဲ့ပိုင်တံဆိပ်များ တပ်ဆင်ထားခြင်း၊ တပ်ဖွဲ့ပိုင်နံပါတ်ပြားများတပ်ဆင်ခြင်းတို့အား ကြက္ခတ်တော ဘုန်းကြီးကျောင်းရှေ့ရှိအာရှလမ်းမကြီး၌တပ်မတော်ရှေ့တန်းရုံးမှ ဗိုလ်ကြီးအောင်ကျော်မြင့်ဦးဆောင်သည့်တပ်မတော်သားများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊BGF တပ်ဖွဲ့ဝင်များ၊ လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ၊ မြဝတီယာဉ်ထိန်းတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှကွင်းဆင်း၍ ဖြုတ်သိမ်းစေခဲ့ကြောင်း သိရသည်။
ဤသို့ဖြုတ်သိမ်းစေပြီးမှတ်တမ်းတင်မှုများပြုလုပ်ပြီးလျှင်နောက်နောင်တပ် ဆင်သွားလာပါက တည်ဆဲဥပဒေများအရအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းဓါတ်ပုံ-Thetoo Naing

0 comments:

Post a Comment