Sunday, May 3, 2020

မြဝတီအမှတ်(၂) တံတားကြီးတွင် ထိုင်းပြန် မြန်မာလုပ်သားများဝင်ရောက်မှု ယာယီရပ်ဆိုင်း

No photo description available.

မြန်မာ-ထိုင်းနယ်စပ် အမှတ်(၂)တံတားကြီးတွင် ထိုင်းပြန် မြန်မာအလုပ်သမားများ ဝင်ရောက်လာမှုနှင့်ပတ်သက်၍ မေ ၃ ရက်၌ ယာယီရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

"မေ ၁ ရက်နဲ့ ၂ ရက်မှာ ဝင်လာကြတဲ့ မြန်မာအလုပ်သမားတွေဟာ မြဝတီနဲ့နီးစပ်တဲ့ တာ့ခရိုင်နဲ့ မဲဆောက်မြို့နယ်က မြန်မာအလုပ်သမားတွေဖြစ်တာကြောင့် ထိုင်းအစိုးရက ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို လွတ်အောင်လာလို့ရကြပါတယ်။ ဗန်ကောက်၊ ချင်းမိုင် ပထုံဌာနီ၊န ကော့ပထွန်၊ ချွန်ပူလီအစရှိတဲ့ ရပ်ဝေးက လာကြမယ့် မြန်မာအလုပ်သမားတွေ အနေနဲ့ ညမထွက်ရအမိန့်နဲ့ ခရိုင်ချင်း ကူးသန်းသွားလာမှု ကန့်သတ်ချက်တွေကြောင့် လာရ ခက်နေတဲ့အတွက် ထိုင်းအစိုးရအနေနဲ့ မြန်မာအလုပ်သမားတွေ ပြန်နိုင်ဖို့ စီမံဆောင်ရွက်နေဆဲ ဖြစ်တာကြောင့် မြန်မာအလုပ်သမားတွေ ဆက်လက်ဝင်လာဖို့မလွယ်သေးတဲ့အတွက် မေ ၃ ရက်မှာ ယာယီရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်"ဟု မြဝတီအမှတ် (၂) တံတားကြီးမှ ကြိုဆိုရေး တာဝန်ခံအရာရှိတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေ ၁ ရက်က မြန်မာ နိုင်ငံနှင့်နီးစပ်သည့် တာ့ခရိုင်နှင့် မဲဆောက်မြို့နယ်အတွင်းရှိ အလုပ်သမားများသာ ပြန်လာခွင့်ပြုခဲ့သဖြင့် မေ ၁ ရက်က အလုပ်သမား ၆၀ ပြန်လာခဲ့ပြီး မေ ၂ ရက်ကလည်း အလုပ်သမား ၅၄ ဦး နှစ်ရက်ပေါင်း မြန်မာလုပ်သား ၁၁၄ ဦး ပြန်လည် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အလုပ်သမားများကို မြဝတီ Border Control Facilities (BCF) ဇုန်၌ ကရင်ပြည်နယ် အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးသန့်ဇင်အောင်၊ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်နှင့် တာဝန်ရှိသူများမှ အနီးကပ်ကြီးကြပ်လျက် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများမှ ကျန်းမာရေး စစ်ဆေးခြင်း၊ ကိုယ်ရေးအချက်အလက် မှတ်တမ်းယူခြင်းနှင့် ပြည်နယ်နှင့်တိုင်းအလိုက် စာရင်း ပြုစုခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်လည်ရောက်ရှိလာသည့် မြန်မာလုပ်သားများကို ပဲခူးတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကယားပြည်နယ်များ သို့ express ကားကြီးများနှင့် အခမဲ့ ပို့ဆောင်ပေးပြီး ၎င်းတို့နေထိုင်ရာနေရပ်များတွင် Quarantine ၂၁ ရက် ဝင်ရောက်နိုင်ရန် အစိုးရချင်း ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်သည်။
ထိုင်းနိုင်ငံတွင် COVID-19 အရေးပေါ်ကာလကြောင့် ညမထွက်ရအမိန့်ကို မေ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်လိုက်သကဲ့သို့ ခရိုင်တစ်ခုနှင့်တစ်ခုသို့ အကြောင်းမဲ့ ကူးလူးသွားလာ ခွင့်များလည်း ကန့်သတ်ချက်များထုတ်ပြန်ထား၍ ထိုင်းနိုင်ငံမှ ပြန်လာလိုသည့် မြန်မာ လုပ်သားများမှာ အခက်ကြုံနေကြောင်းလည်း သိရသည်။
Image may contain: one or more people and outdoor
Image may contain: sky and outdoor
Ref : မြန်မာတိုင်းမ် #Myanmar_Online_News

0 comments:

Post a Comment