

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်ကိုထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် အောက်ပါအတိုင်း နယ်မြေအလိုက်ဖမ်းဆီး အရေးယူဆောင်ရွက်ခဲ့ကြောင်း-
၈.၅.၂၀၂၀ ရက်နေ့ ၁၉၀၀ အချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် အမှတ်(၁၃) ရပ်ကွက်၊ ပဲခူးလမ်းမကြီးပေါ်၌ စိုးမိုးအောင် ထံမှ အရိုးအသွား(၁၁)လက်မခွဲခန့်ရှိ ထိပ်ဦးချွန် ဓါးတစ်ချောင်းကိုလည်းကောင်း၊ တိုက်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ၂၃၀၀ အချိန်တွင် ရှမ်းစုရပ်ကွက်၊ အောင်မင်္ဂလာ(၈)လမ်းမ ပေါ်၌ ဗလ(ခ)ဇေယျာလင်း ထံမှ အရိုးအသွား(၁၁)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းကို လည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သတင်းရရှိပါသည်။
Source : Yangon Police #Myanmar_Online_News






0 comments:
Post a Comment