Friday, May 22, 2020

ဟောင်ကောင်တွင်လွန်ခဲ့သောနှစ်ကဖြစ်ပွားခဲ့သော မငြိမ်သက်မှုများအပြီးတွင် တရုတ် နိုင်ငံသည် ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေးဆိုင်ရာဉပဒေများကိုရေးဆွဲ

တရုတ်နိုင်ငံနှစ်ပတ်လည်အစည်းအဝေးတွင် ဟောင်ကောင်ရှိ အမျိုးသားလုံခြုံရေးဆိုင်ရာဉပဒေတစ်ခုအတွက် အဆိုပြုချက်တစ်ခုကို တင်ပြဆွေးနွေးသွားမည်ဖြစ်‌ကြောင်း မေလ ၂၁ ရက်နေ့တွင် တရုတ်ဉပဒေပြုအဖွဲ့မှ ပြောကြားခဲ့ပါသည်။
လွန်ခဲ့သည့်နှစ်တွင် ခုနှစ်လအကြာဆူပူအုံကြွမှုများနှင့် တစ်ခါတစ်ရံဆူပူဆန္ဒပြ မှုများကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ဝိုက်ရှိမြို့များတွင် ထိခိုက်မှုများရှိခဲ့ပြီး နောက် အမျိုးသားလုံခြုံရေးဆိုင်ရာဉပဒေပြဌာန်းချက်အသစ်ကို လိုလားကြောင်း တရုတ်နိုင်ငံမှ ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပြုချက်ကို မေလ ၂၂ ရက်နေ့တွင်ဖွင့်လှစ်မည့် အမျိူးသားပြည်သူ့ ကွန်ဂရက်အစည်းအဝေးတွင် တင် ပြသွားမည်ဖြစ်ပြီး ၎င်းသည် မြို့တွင်းအာဏာ တည်မြဲရေးကိုပိုမိုခိုင်မာစေမည်ဟု ပါလီမန် ၏ပြောရေးဆို ခွင့်ရှိသူ Zhang Yesui မှ ပြောကြားခဲ့ပါသည်။
အခြေခံဉပဒေဖြစ်သော ဟောင်ကောင်၏ဖွဲ့စည်းပုံအခြေခံဉပဒေ ပိုဒ်ခွဲ ၂၃ အရ တရုတ်အစိုးရအားဆန့်ကျင် သည့် နိုင်ငံတော်အပေါ်သစွာဖောက်မှု၊ ခွဲထွက်ရေးလှုပ် ရှားမှု၊ နိုင်ငံတော်အပေါ်အကြည်အညိုပျက်စေမှုနှင့် အဖျက်အမှောင့်များကို တားမြစ် ရန်အတွက် အမျိုးသားလုံခြုံရေးဆိုင်ရာဉပဒေများကို ဉပဒေပြုပြဌာန်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
သို့ရာတွင် ဟောင်ကောင်၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်စသည့် အခွင့် အရေးများကိုဟန့်တားနေသော ပြည်သူလူထု၏ စိုးရိမ်ထိတ်လန့်နေမှုများကြောင့် အဆိုပါအပိုဒ်အား မည်သည့်အခါမျှ အကောင်အထည် ဖော်ဆောင်ရွက်ခြင်းမရှိသေးပါ။ မေလ ၂၁ ရက်နေ့တွင် အန္ဒပြရန်အတွက်ပြည်သူများကိုတိုက်တွန်းသည့် အွန်လိုင်းပို့စ်များထွက်ပေါ်ခဲ့ပြီးနောက် လူအများအပြားသည် ဈေးဝယ်စင်တာတစ်ခု တွင် ဒီမိုကရေစီလိုလားသောဆောင်ပုဒ်များကို ကြွေကြော်နေကြောင်းတွေ့ရှိခဲ့ရပါသည်။
အကယ်၍ တရုတ်နိုင်ငံအနေဖြင့် ဉပဒေကိုပြဌာန်းမည်ဆိုလျှင် အရပ်ဘက်အဖွဲ့ အစည်းများကိုဖိနှိပ်နေသောဉပဒေများကို မည်မျှအကာအကွယ်ပေးနိုင်မည်နည်း၊ ဟောင်ကောင်၏ အဓိကနိုင်ငံတကာဘဏ္ဍာရေးအပေါ် မည်မျှသက်ရောက်မှုရှိလာနိုင် မည်နည်းဟုဟောင်ကောင်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် Ming Sing မှပြောကြားခဲ့ပါသည်။
COVID-19 ကြောင့် ကာလအတန်ကြာနှောင့်နှေးခဲ့ရသော တရုတ်နိုင်ငံ၏ ပါလီမန်အမျိုးသားပြည်သူ့ကွန်ဂ ရက်သည် မေလ ၂၂ ရက်နေ့တွင် ၎င်းတို့၏ နှစ်ပတ်လည်အစည်းအဝေးကို ကျင်းပမည်ဖြစ်ပါသည်။

0 comments:

Post a Comment