Friday, May 22, 2020

COVID 19ကာလအတွင်း လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေမှာ အကာအကွယ် မဖြစ်မနေလုပ်ရမယ်

COVID 19ကာလအတွင်းမှာ ပြန်လည်ဖွင့်လှစ်ရောင်းချမယ့် ဆိုင်တွေအနေနဲ့ စားသုံးသူတစ်ဦးနဲ့ တစ်ဦးကြားမှာ အကာအကွယ်တွေ မဖြစ်မနေလုပ်ရမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ စားသောက်ဆိုင်လုပ်ငန်းပိုင်ရှင်တွေ၊ စားသုံးသူတွေနဲ့ တွေ့ဆုံမှုမှာပြောကြားခဲ့တာဖြစ်ပြီး ပြန်လည်ဖွင့်လှစ်တဲ့ စားသောက်ဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်တွေမှာဆိုရင် ချမှတ်ထားတဲ့ စည်းကမ်းချက်အားလုံးကို လိုက်နာပြီးမှဖွင့်လှစ်သင့်တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောကြားခဲ့တာပါ။
“ အခုလိုကာလမှာ ဆိုင်ရှင်တွေအနေနဲ့ အလုပ်လည်းပိုသလို ကုန်ကျစရိတ်လည်းပိုများတယ်။ ဆိုင်တွေပြန် ဖွင့်တာက ကျွန်မတို့အတွက်စိန်ခေါ်မှုတစ်ခုပါ။ ဒါပေမယ့်လည်း စီးပွားရေးအရ မဖြစ်မနေလုပ်ရမယ့်အ ခြေအနေဆိုတော့ ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို မဖြစ်မနေလိုက်နာဖို့လိုပါတယ်။ စားတဲ့အချိန်မှာက mask တွေကိုဖြုတ်ရမှာဖြစ်လို့ mask မတပ်လည်း ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရန် စားသုံးသူ တစ်ဦးနဲ့တစ်ဦးကြားမှာ ပလပ်စတစ်အကာအကွယ်တွေကိုမဖြစ်မနေလုပ်သင့်ပါတယ်။ အဲဒီလိုမှမဟုတ်ရင်တော့ အင် မတန်မှ အန္တရာယ်များပါတယ်” လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည့်ပြောကြားခဲ့တာပါ။
COVID ကာလအတွင်းမှာ စားသောက်ဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်တွေကို ယာယီပိတ်ထားခဲ့ကာ ပါဆယ်စနစ်နဲ့သာ ရောင်းချခွင့်ပြုခဲ့တာဖြစ်ပြီး မေလ(၁၅)ရက်နေ့ကနေစလို့ ဆိုင်ထိုင်စနစ်နဲ့ ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်ရာမှာ ပြန်လည်ဖွင့်လှစ်တဲ့ဆိုင်တွေအနေနဲ့က နိုင်ငံတော်က ချမှတ်ထားတဲ့ စည်းကမ်းချက် (၁၁)ချက်ကို မဖြစ်မနေလိုက်နာရမယ်လို့ ဆိုပါတယ်။
အခုလိုစည်းကမ်းချက်တွေကို လိုက်နာနိုင်တဲ့ဆိုင်တွေက စားသောက်ဆိုင်ကြီးတွေသာရှိပြီး တချို့ဆိုင်ငယ်တွေအနေနဲ့ကတော့ စည်းကမ်းချက်အတိုင်းမဟုတ်ဘဲ အဆင်ပြေသလိုရောင်းချနေရတာတွေရှိပါတယ်။
အဲဒီလို ဆိုင်ငယ်တွေအတွက် ညွှန်ကြားချက်တွေကိုမလုပ်နိုင်ရင် ပါဆယ်စနစ်နဲ့သာရောင်းချကြဖို့နဲ့နိုင်ငံတော် ကလည်း ဘယ်လိုစီစဉ်ပေးနိုင်မလဲဆိုတာကို အမြန်ဆုံးစဉ်းစားပြီး လုပ်ဆောင်ပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်။
Ref ; Duwun

0 comments:

Post a Comment